Sunday, 29 December 2013
Friday, 20 December 2013
Wednesday, 4 December 2013
Sunday, 1 December 2013
Let’s Stop HIV Together
The red ribbon
30 years after the first cases of HIV – the red ribbon is the universal symbol of awareness and support for those living with HIV. The red ribbon was the first ever ribbon symbol, inspiring later versions such as the pink ribbon for breast cancer awareness.ပင်လယ်ပျော်ရဲ့ငယ်တုန်းကသူငယ်ချင်း
သူကသစ်ကားမောင်းတဲ့ဝန်ထမ်းကားသမားဆိုပါတော့
အပြင်းဆေးခန်းတခုမှာဆေးစစ်တာHIV (+ive) တဲ့၊ဒါနဲ့နောက်ဓါတ်ခွဲခန်းတစ်ခုမှာထပ်စစ်တယ်
(+positive) ပါပဲအဖြေပေးတယ်သူ့ကိုယ်သူစိတ်သန့်တာကြောင့်နောက်ဆုံးအနေနဲ့အစိုရဓါတ်ခွဲခန်းမှာစစ်
တော့ (-ive)ဆိုတာနဲ့သေချာစစ်ကြည့်ပါသူကို(+ive)လို့နှစ်နေရာကပြောကြောင်းဆေးစစ်စာတွေပြတော့
သေချာအောင်ထပ်စစ်ပြီး (ive)လို့ထောက်ခံတယ်သူအနေနဲ့ဓါတ်ခွဲခန်းနှစ်ခုကိုတရားစွဲမယ်
ဆိုသူတိုသက်သေလိုက်ပေးမယ်ပြောပါတယ်။
စဉ်းစားကြည့်ပါတော်ယုံလူဆိုယင်ပထမအဖြေမှာတင်စိတ်ဓါတ်ကြရောဂါနဲ့
သက်စိုရှည်မှာမဟုတ်ဘူး။သူ့ကိုယ်သူယုံကြည်မှုရှိတာကြောင့်ထပ်စစ်မိတာပေါ့
သဘောထားကြီသူတယောက်အနေနဲ့ရောဂါမရှိတာသိရယင်ကျေနပ်ပါပြီတရားလဲမစွဲတော့ပါဘူးတဲ့
ဒါကြောင့်ပင်လယ်ပျော်တို့လည်းဓါတ်ခွဲခန်းကအဖြေထက်၊ကိုယ့်ကိုကိုယ်ယုံကြည်မှုရအောင်ပြုမူနေထိုင်
သင့်ကြောင်းဒီနေ့ကျရောက်တဲ့ကမ္ဘာAIDS နေ့(World Aids Day)ကိုကြိုဆိုမှတ်တန်းပြုလိုက်ပါတယ်။
ရောဂါခံစားနေသူတဦးဓါတ်ပုံ
ပင်လယ်ပျော်
အနာဂါတ်ရဲ့ ရေပေါ်မြို့တော်သင်္ဘောကြီး
လူပေါင်း(၅၀၀၀၀)ကျော် မှီတင်းနေထိုင်နိုင်မည့် အဆိုပါ ရေပေါ်မြို့တော်သည် သင်္ဘောကြီး တစ်စင်းပေါ်တွင် အခြေခံ တည်ဆောက်ထားမည် ဖြစ်သည်။
ကမ္ဘာပေါ်တွင် လူဦးရေ ထူထပ်မှုနှင့်အတူ နေထိုင်စရာ ရှားပါးလာမည့် အနာဂတ်အတွက် ရည်စူးထားသည့် ရေပေါ်မြို့တော် စီမံကိန်း ပုံစံတစ်မျိုးကို အမေရိကန် ဗိသုကာ ကုမ္ပဏီ တစ်ခုက စတင်ထုတ်ဖော် ပြသလိုက်သည်။ လူပေါင်း(၅၀၀၀၀)ကျော် မှီတင်းနေထိုင်နိုင်မည့် အဆိုပါ ရေပေါ်မြို့တော်သည် သင်္ဘောကြီး တစ်စင်းပေါ်တွင် အခြေခံ တည်ဆောက်ထားမည် ဖြစ်သည်။ အဆိုပါ ဒီဇိုင်းသည် အထပ်ပေါင်း (၂၅)ထပ်ဖြင့် ဖွဲ့စည်းတည်ဆောက်စေမည်ဖြစ်ပြီး လူနေမှုဘဝအတွက် လိုအပ်ချက်အားလုံး ပါရှိမည်ဟု ဆိုသည်။ သင်္ဘော၏ အပေါ်ဆုံးထပ်သည် လေယာဉ်ကွင်းတစ်ခုအဖြစ် ရှိနေနိုင်ပြီး စာသင်ကျောင်းများ၊ ဆေးရုံ၊ ပန်းခြံ၊ အနုပညာပြခန်း၊ ကာစီနို လောင်းကစားရုံ အစရှိသည့် အရာများကိုပါ ထည့်သွင်းတည်ဆောက်ထားမည် ဖြစ်သည်။ နောက်ဘက်တွင်လည်း ဆိပ်ကမ်းငယ်တစ်ခုကို ထည့်သွင်းထားပေးသည်။
ဖလော်ရီဒါတွင် အခြေစိုက်သည့် Freedom Ship International ကုမ္ပဏီက အဆိုပါ စီမံကိန်းသည် လက်တွေ့အကောင်အထည် ဖော်ရန်အတွက် ဒေါ်လာ (၁၀)ဘီလျံမျှ ကျသင့်မည်ဟု ပြောကြားခဲ့သည်။ ယင်းအဆောက်အအုံကို အမှန်တကယ် ဆောက်လုပ်ဖြစ်ပါက လူပေါင်း(၅၀၀၀၀) မှီတင်းနေထိုင်နိုင်မည်ဖြစ်ပြီး အပိုဆောင်း ဧည့်သည် (၃၀၀၀၀)အတွက်ပါ နေရာထိုင်ခင်း စီစဉ်ပြီး ဖြစ်နေမည်ဟု သိရသည်။ ယင်းသင်္ဘောသည် ကမ္ဘာကိုပတ်ကာ ခုတ်မောင်းနေမည်ဖြစ်ပြီး (၂)နှစ်ကြာတိုင်း ကမ္ဘာတစ်ပတ် ခရီးနှင်ပြီး ဖြစ်နေမည်ဟု ဆိုသည်။ ထို့ကြောင့် မိမိနေအိမ်တွင်ပင် နေထိုင်ရင်း အေးအေးလူလူ ကမ္ဘာပတ်နေနိုင်မည့် ဖန်တီးမှုမျိုးဟု ညွှန်းဆိုနိုင်မည် ဖြစ်သည်။
အပေါ်ဆုံးထပ် လေယာဉ်ကွင်းသည် လူ(၄၀)ဆံ့သည့် ခရီးသည်တင် လေယာဉ်ငယ်များ ဆင်းသက်နိုင်မည်ဖြစ်ရာ အနီးအနား ပတ်ဝန်းကျင် နိုင်ငံများထံ အလွယ်တကူ ကူးလူးနိုင်မည်ဟု Freedom Ship Internationalမှ ဒါရိုကတာနှင့် ဒုတိယဥက္ကဋ္ဌဖြစ်သူ ရိုဂျာဂူးခ်ျက ပြောကြားခဲ့သည်။ "ခုလောလောဆယ် ကွန်ပျူတာနဲ့ တွက်ချက်ပုံဖော်ထားတဲ့ ဒီဇိုင်းအဆင့်ပဲ ရှိသေးပေမယ့် လက်တွေ့တည်ဆောက်ဖြစ်မယ်ဆိုရင် ကမ္ဘာပေါ်မှာ အကြီးဆုံး သင်္ဘောကြီးနဲ့ ရေပေါ်မြို့တော်ကြီး ဖြစ်လာပါလိမ့်မယ်"ဟု ဂူးခ်ျက မှတ်ချက်ပြုခဲ့သည်။
၎င်းက "ကျွန်တော်တို့ အနေနဲ့ ဒါကိုလက်တွေ့ တည်ဆောက်ဖို့တော့ ငွေရေးကြေးရေး အခက်အခဲတွေ ရှိပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ (၆)လအတွင်း ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားတဲ့ ကုမ္ပဏီတွေ အများကြီး ရှိလာတယ်။ တကယ်လို့ ဒေါ်လာ (၁)ဘီလျံလောက် စပြီး ရင်းနှီးနိုင်ရင် ဆောက်လုပ်မှု လုပ်ငန်းကို လက်တွေ့ အစပြုနိုင်မယ် ထင်ပါတယ်"ဟုလည်း ပြောဆိုသွားသည်။ ဒီဇိုင်းတည်ဆောက်မှုအရ အဆိုပါ သင်္ဘောကြီးသည် အရှည်ပေ (၄၅၀၀)၊ အကျယ်ပေ (၇၅၀)နှင့် အမြင့်ပေ(၃၅၀)ထိ ရှိပြီး တန်ချိန် (၂.၇)သန်းထိ လေးလံမည်ဟု သိရှိရသည်။(planet)
ဗီဒီယို
ဖလော်ရီဒါတွင် အခြေစိုက်သည့် Freedom Ship International ကုမ္ပဏီက အဆိုပါ စီမံကိန်းသည် လက်တွေ့အကောင်အထည် ဖော်ရန်အတွက် ဒေါ်လာ (၁၀)ဘီလျံမျှ ကျသင့်မည်ဟု ပြောကြားခဲ့သည်။ ယင်းအဆောက်အအုံကို အမှန်တကယ် ဆောက်လုပ်ဖြစ်ပါက လူပေါင်း(၅၀၀၀၀) မှီတင်းနေထိုင်နိုင်မည်ဖြစ်ပြီး အပိုဆောင်း ဧည့်သည် (၃၀၀၀၀)အတွက်ပါ နေရာထိုင်ခင်း စီစဉ်ပြီး ဖြစ်နေမည်ဟု သိရသည်။ ယင်းသင်္ဘောသည် ကမ္ဘာကိုပတ်ကာ ခုတ်မောင်းနေမည်ဖြစ်ပြီး (၂)နှစ်ကြာတိုင်း ကမ္ဘာတစ်ပတ် ခရီးနှင်ပြီး ဖြစ်နေမည်ဟု ဆိုသည်။ ထို့ကြောင့် မိမိနေအိမ်တွင်ပင် နေထိုင်ရင်း အေးအေးလူလူ ကမ္ဘာပတ်နေနိုင်မည့် ဖန်တီးမှုမျိုးဟု ညွှန်းဆိုနိုင်မည် ဖြစ်သည်။
အပေါ်ဆုံးထပ် လေယာဉ်ကွင်းသည် လူ(၄၀)ဆံ့သည့် ခရီးသည်တင် လေယာဉ်ငယ်များ ဆင်းသက်နိုင်မည်ဖြစ်ရာ အနီးအနား ပတ်ဝန်းကျင် နိုင်ငံများထံ အလွယ်တကူ ကူးလူးနိုင်မည်ဟု Freedom Ship Internationalမှ ဒါရိုကတာနှင့် ဒုတိယဥက္ကဋ္ဌဖြစ်သူ ရိုဂျာဂူးခ်ျက ပြောကြားခဲ့သည်။ "ခုလောလောဆယ် ကွန်ပျူတာနဲ့ တွက်ချက်ပုံဖော်ထားတဲ့ ဒီဇိုင်းအဆင့်ပဲ ရှိသေးပေမယ့် လက်တွေ့တည်ဆောက်ဖြစ်မယ်ဆိုရင် ကမ္ဘာပေါ်မှာ အကြီးဆုံး သင်္ဘောကြီးနဲ့ ရေပေါ်မြို့တော်ကြီး ဖြစ်လာပါလိမ့်မယ်"ဟု ဂူးခ်ျက မှတ်ချက်ပြုခဲ့သည်။
၎င်းက "ကျွန်တော်တို့ အနေနဲ့ ဒါကိုလက်တွေ့ တည်ဆောက်ဖို့တော့ ငွေရေးကြေးရေး အခက်အခဲတွေ ရှိပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ (၆)လအတွင်း ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားတဲ့ ကုမ္ပဏီတွေ အများကြီး ရှိလာတယ်။ တကယ်လို့ ဒေါ်လာ (၁)ဘီလျံလောက် စပြီး ရင်းနှီးနိုင်ရင် ဆောက်လုပ်မှု လုပ်ငန်းကို လက်တွေ့ အစပြုနိုင်မယ် ထင်ပါတယ်"ဟုလည်း ပြောဆိုသွားသည်။ ဒီဇိုင်းတည်ဆောက်မှုအရ အဆိုပါ သင်္ဘောကြီးသည် အရှည်ပေ (၄၅၀၀)၊ အကျယ်ပေ (၇၅၀)နှင့် အမြင့်ပေ(၃၅၀)ထိ ရှိပြီး တန်ချိန် (၂.၇)သန်းထိ လေးလံမည်ဟု သိရှိရသည်။(planet)
ဗီဒီယို
Saturday, 30 November 2013
Tuesday, 26 November 2013
2015 တွင်ထူးခြားပြောင်းလဲမည်'စလုံး' OPL
2015 တွင်ထူးခြားပြောင်းလဲမည်
'စလုံး' OPL
--------------
စလုံးOPL ကို၂၀၁၅ တွင်သင်္ဘောအချင်းကပ်ချရသောShip to Ship
Operation
ကိုလုံးဝမပေးတော့မှာဖြစ်တာကြောင့်
ကျနော်တို့ရဲ့
ချန်ဘိုင်စန်း(Chang Bai San)သည်တွန်းသင်္ဘောနှစ်စီးနဲ့အတူမလေးရှားရေပိုင်နက်ထဲကို
ပထမဦးဆုံးပြောင်းရွေ့လိုက်ပါပြီ
ထိုသင်္ဘောကိုOPLမှလှန်းမြင်နေရသော်လည်း
သွားလို့မရပေ'စ'လုံးရေပိုင်နက်နှင့်မလေးရေပိုင်ကြားမှာတွန်းသင်္ဘောအချင်းချင်းအဆက်သွယ်လုပ်
ကားလိုအပ်တဲ့ထောက်ပံ့ရေးတွေစလုံးကပဲယခုဆောင်ရွက်နေပါတယ်
ဆီစစ်ရေးနဲ့ ဆီကောင်လေးတွေလည်းအဲ့ဒီသင်္ဘောကိုပြောင်းသွားကြပြီ
အဲဒီမှာMother Ship အနေနဲ့ဆောင်ရွက်မှာပါကုန်ကအမဲဖြစ်ပါတယ်။
Hua San ကလည်းမနေ့ကမလေးရှားစစ်ဆေးရေးအောင်တာမို့သူလဲလိုက်သွားနိုင်ပါတယ်
Monday, 25 November 2013
Sunday, 24 November 2013
အဏ္ဏ၀ါရဲ့ သင်္ဘောတစ်စီးစစ်ဆေးရေး(PSC)ကျရှုံး
သင်္ဘောနာမည်အတိကျပြောရယင် ယူနီကွန်းပါ
ဘယ်သူတွေကိုဖြုတ်မလဲဆိုတာစောင့်ကြည့်ရမှာပဲ့
ဒီအချက်တွေထိသွားတာ
ဘယ်သူတွေကိုဖြုတ်မလဲဆိုတာစောင့်ကြည့်ရမှာပဲ့
ဒီအချက်တွေထိသွားတာ
Attn: Master And Chief Engineer
Please note that during recent PSC inspection onboard one of
our vessel at Nakhoka, Russia, flowing observation noted.
Deficiencies as under:
1. Supplement
to IOPP, Form B - page 3,2A.Oil Fuel tank protection (regulation 12A) not
checked as required (2.A.1 or 2.a.2).
2. Supplement
to IOPP, form B-page 4 found in photocopy.
3. No
procedures implements with some type of waste (fluorescent lamps, Battery,
Medicine etc.), But store in CCR, In Duty Mess Room.
4. Fire
protection self - closing door (Accommodation interior stairway B,C door not
closing fully.
5. Some of
navigation charts for engaged voyage found in scan copy
6. Scan copy
charts are not up - date by 1237(T)/2006.
7. Magnetic
compass deviation not properly adjusted.
8. Magnetic
compass found with air big bubble.
9. Magnetic
compass illumination in a bad condition.
10. FWD anchor
light (spare) out of order.
11. steering
gear l.o gravity tank air vent cover securing bolt missing.
12. D/Generator
exhaust air vents protective gratings (funnel deck)Found dirty (oil on gratings
and on the deck)
13. In
emergency room found unapproved battery charger (Electrical cables, socket was
hanging on pipes)
14. Emergency
generator room fixed battery charger electrical cable not secured.
15. Foam applicator
unit plastic can (one) damage (Foam solution quantity less than 20 Lt)
16. Food waste
drum cover not ensured tightened covered as required by GMP, Item 10.5 (c).
17. Steering
gear hatch cover not fixed in open position due to hole less than diameter of
securing bolts.
18. tanks
washing system water pipe flange bonding cable damaged.
19. Fixed deck
foam fire extinguisher system balanced pressure proportional with much stains
of leakage.
20. Balanced
Pressure proportioner not adjusted foam
concentration ratio.
21. Much of
oil strains found on incinerator sludge tank body, on top, on ceiling above the
sludge tanks, due to accident, but not records found in E/R log book, or Deck
log book.
22. incinerator
sludge tank detectors (Overfill and sludge pump auto - stop) out of order
(Level of sludge higher than position of detector).
23. Main
engine exhaust pipe inlet valve open/close indicator electrical cable
disconnected (to composite boiler).
24. Fuel oil
pipe sighting glass from purifier to setting tank dirty, oil leakage through
flange connection.
25. E/R
portable foam fire extinguishers (two)seal missing)
26. Electrical
cable (above M/E scav box) excessively dirty by stains of salt water.
27. E/R Low
platform plating not secured (part of emergency exit way with ledge).
28. throughout
of E/R found pressure gauge with stains of leakage (M/E fresh water cooler,
no.1 & no.2 I.G scrubber cooling S.W pump, no.1 main cooling S.W pump etc.)
29. E/R lower
platform alarm panel partly damaged.
30. Maintenance
and inspection of fire protection system and equipment inadequate.
31. Above deficiencies
mainly caused by lack of maintenance , maintenance routine below standard.
32. ISM system
does not ensure adequate maintenance of ship and equipment.
Views above 32 deficiencies , office require all our fleet vessels to go through each observation, verify & rectify if any of these deficiency exist onboard your good vessels so that similar incident does not occur onboard any of our fleet vessels.
ပင်လယ်ပျော်
Friday, 22 November 2013
တရုတ်ကိုယ်ပျောက်ဒရုန်းပျံသန်း
Sharp
Sword လို. အမည် ပေးထားတဲ့ "stealth drone" အမျိုးအစား အဝေးထိန်း
ကိုယ်ပျောက် တိုက်လေယာဉ် တစီးကို တရုတ် နိုင်ငံက နိုဝင်ဘာလ ၂၂ ရက်က ပထမဆုံး
အောင်မြင်စွာ စမ်းသပ် ပျံသန်းနိုင်ခဲ့တယ် လို. တရုတ် မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
၂၁ ရာစု ရဲ့ အင်အားကြီး
နိုင်ငံကြီး ဖြစ်လာဖို့ စီးပွားရေး နဲ့ စစ်ရေး အင်အားတွေ တိုးချဲ့ တည်ဆောက်နေတဲ့
တရုတ် နိုင်ငံမှာ ခု နောက်ဆုံး စမ်းသပ် ပျံသန်း ခဲ့တဲ့ မောင်းသူမဲ့ လေယာဉ်နဲ့
လူလိုက်ပါ မောင်းနှင်တဲ့ stealth နည်းပညာသုံး တိုက်လေယာဉ်တွေရဲ့ စွမ်းအားကို သေချာ
မသိရသေးပေမယ့် အဆင့်မြင့် နည်းပညာသုံး စစ်ပစ္စည်းတွေနဲ့ ယာဉ် တွေကို ဒီနှစ်ပိုင်း
အတွင်း တရုတ်က ထုတ်လုပ် နေခဲ့တာတော့ သေချာပါတယ်။ဒီ stealth နည်းပညာက ရေဒါ၊ အနီအောက် ရောင်ခြည် နဲ့ ရေဒီယို လှိုင်း ၊ အသံ အလင်း စတာတွေ ထုတ်လွှင့်မှု ကို လျှော့ချ နိုင်တဲ့ နည်းပညာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း မောင်းသူမဲ့ တရုတ် လေယာဉ်ပျံ တစင်း အရှေ့ တရုတ် ပင်လယ် ထဲက အငြင်းပွားနေတဲ့ ကျွန်းစု တွေနား လာရောက် ပျံသန်း ခဲ့တဲ့ အတွက် ဂျပန် ရဲ့ မျက်မာန်ရှမှုကို ကြုံတွေ့ခဲ့ပါတယ်။
ဒီလေယာဉ်ကို ဂျပန် က ဖိုက်တာ ဂျက် တိုက်လေယာဉ်တွေ လွှတ်ပြီး ပစ်ချဖို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ဂျပန်က ဒီလို ပစ်ချဖို့ ကြိုးစားရင် ဒါဟာ စစ်ကြေညာတာနဲ့ အတူတူပဲလို့ တရုတ် ကာကွယ်ရေး ဌာနက တုံ့ပြန် ပြောဆိုခဲ့ပါတယ်။
ဒီလို မောင်းသူမဲ့ လေယာဉ်ကို အောင်မြင်စွာ ပျံသန်းနိုင်ခဲ့မှုကြောင့် ခုဆိုရင် တရုတ်ပြည်ဟာ ဗြိတိန်၊ ပြင်သစ်၊ အမေရိကန် နိုင်ငံတွေနဲ့ တန်းတူ နည်းပညာ တိုးတက်မှု ရှိနေပြီလို့ ဟောင်ကောင်ထုတ် ဆောက်ချိုင်းနားပို့စ် သတင်းစာကြီးကလည်း ရေးသားခဲ့ပါတယ်။
ဒီမောင်းသူမဲ့ ယာဉ်ဟာ အမေရိကန် ရေတပ်က လေယာဉ်တင် သင်္ဘော တွေ အတွက် စမ်းသပ် ပျံသန်း နေတဲ့ X-47B မောင်းသူမဲ့ ယာဉ်၊ ပြင်သစ် က စမ်းသပ် နေတဲ့ နျူရုန် စီမံကိန်းက ယာဉ်တွေနဲ့ အသွင် တူနေပါတယ်။
ဒါဟာ တရုတ် စစ်ရေး အင်အား တိုးချဲ့မှုရဲ့ အရေးကြီးတဲ့ လှေကားတထစ် ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက် မာတင် ပေးရှင့်က ဘေဂျင်းကနေ ပေးပို့ပါတယ်။
ဒီလို တရုတ်ပြည်က ငွေကိုသွန်ပြီး စစ်အင်အား တိုးချဲ့ လာမယ်ဆိုရင် ဒေသတွင်း အိမ်နီးချင်း နိုင်ငံတွေရဲ့ စိုးရိမ် ကြောင့်ကြမှု တိုးပွား လာလိမ့်မယ်လို့လည်း မာတင် ပေးရှင့်က ပြောဆိုခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်ကလည်း တရုတ်ပြည်ရဲ့ ပထမဆုံး stealth နည်းပညာသုံး တိုက်လေယာဉ်ကို ထုတ်ပြခဲ့ပြီး ၂ဝ၁၈ ခုနှစ်ထိ ဒီလေယာဉ်ကို ပျံသန်း မောင်းနှင်လို့ မရသေးဘူးလို့ သိရပါတယ်။
ယူကရိန်းက လေယာဉ်တင် သင်္ဘော တစင်းကို ၂ဝ၁၁ က တရုတ်က ဝယ်ယူ ခဲ့သလို တရုတ်ပြည်ရဲ့ ပထမဆုံး လေယာဉ်တင် သင်္ဘော ကိုလည်း အပြီးသတ် မတပ်ဆင်ရသေးဘဲ ရေချ ခဲ့ပါတယ်(BBC)
Thursday, 21 November 2013
Monday, 18 November 2013
အဏ္ဏ၀ါရဲ့ အနာဂါတ်အရာရှိငယ်
I GIVE MY RESPECT TO DOCTORS !!!
ကျွန်
တော် ဆရာ ဝန် ၁ ယောက် တော့ မဟုတ်ပါဘူး။ ဆေး လည်း မကုတတ် ပါ ဘူး။ (MEDICAL
FIRST AID လောက် တော့ သင် တန်း တက် ထား တာ ပေါ့ ဗျာ) သို့ သော် ခု သ ဘောင်္
ပေါ် က HOSPITAL & MEDICINE တာ ဝန် လည်း ယူ ရသည့် အတွက် သ ဘောင်္ ပေါ် က
CREW တချို့ ၁ ခုခု ဆို ကျွန် တော့် ဆီ ပြေး လာ ပီဆေးတောင်တယ်။ကျနော်လည်း ဆေး ညွှ န်း ဖတ် ဆေး ပေး ပြီး သူ တို့ တွေ ရော ဂါ သက်သာ သွား ရင် ပီတိ ဖြစ် မိ ပါ တယ်။ တစ်
ကယ့် ဆရာ ဝန် တွေ ဆို ဘယ် လောက် ပီတိ ဖြစ် လိုက် မလဲ ဆို တာ ခံ စား မိ ပါ
တယ်။ I GIVE MY RESPECT TO DOCTORS !!!
Name : Pyae Phyoe Thet
Rank : 3/O
Date Of Birth : 28.12.89
ပင်လယ်ပျော်
Pyae Phyoe Thet FaceBook
Name : Pyae Phyoe Thet
Rank : 3/O
Date Of Birth : 28.12.89
ပင်လယ်ပျော်
Pyae Phyoe Thet FaceBook
Saturday, 16 November 2013
Friday, 15 November 2013
Royal Green River အပျော်စီး သင်္ဘော
ရန်ကုန်မြစ်အတွင်း ယခုလမှစ၍ Royal Green
River အပျော်စီး သင်္ဘောသစ်မှ အပျော်စီး သင်္ဘောခရီးစဉ်များကို အပတ်စဉ်
ရုံးပိတ်ရက်နှစ်ရက်တွင် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း Royal Green River
အပျော်စီး သင်္ဘော ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ ခရီးစဉ်အနေဖြင့် အပတ်စဉ် စနေနှင့်
တနင်္ဂနွေနေ့များတွင် ပြေးဆွဲပေးမည်ဖြစ်ပြီး ဗိုလ်တထောင် ဆိပ်ကမ်းမှ
စတင်ထွက်ခွာ၍ ရန်ကုန်မြစ်အတွင်း ရှုခင်းများကို နှစ်နာရီခန့် အပန်းဖြေ
ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း၊ ၎င်းအပျော်စီး သင်္ဘောအနေဖြင့် စင်းလုံးငှား
ခရီးစဉ်များ ငှားရမ်းရန်လည်း စီစဉ်ထားကြောင်း သိရှိရသည်။
''စင်းလုံးငှားမယ်ဆိုရင်
ရက်ရှည်ခရီးစဉ်တွေကိုလည်း လုပ်ပေးပါတယ်၊ အထက်ပိုင်း ခရီးစဉ်တွေ
စီစဉ်ပေးနေပါတယ်၊ ရန်ကုန်မြစ်အတွင်းမှာ ပြည်ပခရီးသွားတွေက
စက်လှေအသေးတွေငှားပြီး ရှုခင်းကြည့်ကြတယ်၊ အဓိကက တော့ သူတို့ကို
ဆွဲဆောင်နိုင်ဖို့ပါ'' ဟု ၎င်းက ပြောကြားသည်။
Royal Green River အပျော်စီး သင်္ဘောအတွင်း
အိပ်ခန်းရှစ်ခန်း၊ ထမင်းစားခန်း၊ ဘားကောင်တာများပါဝင်ပြီးညအိပ်ခရီးစဉ်တွင်ခရီးသည်၁၆ဦး တည်းခိုလိုက်ပါနိုင်ကြောင်း၊ နေ့ခရီးစဉ်တွင်မူ ခရီးသည် ၅ဝ
ဦး လိုက်ပါနိုင်ပြီး ယခုနှစ် ခရီးသွားရာသီတွင် မန္တလေး၊ ပုဂံ၊ ဗန်းမော်
စသည့် ရက်ရှည်ခရီးစဉ်များကို စင်းလုံးငှား ဆောင်ရွက်ပေး လျက်ရှိကြောင်း
သိရှိရသည်။
ယခုနှစ် ခရီးသွားရာသီတွင် ရန်ကုန်သာမက
မန္တလေးတွင်လည်း အပျော်စီးသင်္ဘော ကုမ္ပဏီသစ်များ တိုးချဲ့လာ ကြပြီး သင်္ဘော
အစီးရေမှာလည်း တိုးချဲ့ပြေးဆွဲလာကြကြောင်း၊ ဧရာဝတီမြစ်ကြောင်းတွင်
မြန်မာနိုင်ငံသားပိုင် Irrawa- ddy Princess River Cruise သင်္ဘောကုမ္ပဏီ၏
သုံးစင်းမြောက် သင်္ဘောအသစ်ဖြစ်သော Princess Royal အပျော်စီးသင်္ဘောအား
မန္တလေး-ပုဂံ နှစ်ညအိပ်သုံးရက် ခရီးစဉ်နှင့် ပုဂံ-မန္တလေး နှစ်ညအိပ်
သုံးရက်ခရီးစဉ် များ ယခုလ တွင် ပြေးဆွဲမည်ဖြစ်ကြောင်း သိရှိရသည်။(မြဝတီ)
Thursday, 14 November 2013
Tuesday, 12 November 2013
Monday, 11 November 2013
27th Sea Game - Myanmar 2013 (ဓါတ်ပုံ)
Description of the Mascot
- Owl is globally taken as the wisest, calmest and balanced animal.But, in Myanmar it is also taken to be auspicious and believed to bring forth luck and prosperity to the family, for which the owl dolls are kept at their homes as lucky charms. The owl as official mascot of Myanmar SEA Games 2013 has a personality: wise, calm, lucky, loyal, and friendly.The personality of an owl is expected to bring forth cooperation, friendship, and better understanding among the participating countries.
- Owl is globally taken as the wisest, calmest and balanced animal.But, in Myanmar it is also taken to be auspicious and believed to bring forth luck and prosperity to the family, for which the owl dolls are kept at their homes as lucky charms. The owl as official mascot of Myanmar SEA Games 2013 has a personality: wise, calm, lucky, loyal, and friendly.The personality of an owl is expected to bring forth cooperation, friendship, and better understanding among the participating countries.
View from VIP launch @ Wunna Theikdi Stadium, Naypyitaw
Arial View of Zeyar Thiri Football field
Youth Training Centre (Thuwunna), Yangon — in Yangon, Myanmar.
Hockey Field, Yangon
National Indoor Stadium 1, Yangon
Outside view of Wunna Theikdi Stadium, Naypyitaw
Thein Phyu Indoor Stadium 1, Yangon
Zeyar Thiri Sports Complex
27th Sea Game - Myanmar 2013 OFFICIAL WEBSITE
http://www.27seagames2013.com
27th Sea Game - Official Face Book
https://www.facebook.com/27thseagamesofficialpage
27th Sea Game --YouTube
http://www.youtube.com/channel/UClt_YFWjeFjFUfrLKvf_WEQ
ပင်လယ်ပျော်
Sunday, 10 November 2013
ပင်လယ်ပျော်ကလေးများ(ဓါတ်ပုံ)
လန်ဒန်ရှိ
ဂရင်းဝစ်ခ်ျတွင် နေထိုင်သည့် အသက်(၃၃)နှစ်အရွယ် လူစီသည် ရေထဲမှ
ကလေးငယ်များကို ဓာတ်ပုံရိုက်ပေးသည့် အလုပ်ကို မလုပ်ကိုင်မီ
သတင်းဓာတ်ပုံနယ်ပယ်တွင် (၁၀)နှစ်ကြာ ဖြတ်သန်းခဲ့သည်။
လူစီက
ကလေးငယ်များ ရေထဲငုပ်လျှိုးနေချိန်တွင် ပင်ကိုယ်အသိက
မိခင်ဝမ်းကြာတိုက်တွင် နေထိုင်ခဲ့သော ကာလမျိုးကို သဘာဝအတိုင်း လှုံ့ဆော်
အမှတ်ရစေကာ ပိုမို တည်ငြိမ်အေးချမ်းသွားတတ်ကြောင်း
ကလေးငယ်လေးများ ရေထဲကူးခတ်စဉ် ချစ်စရာ ပုံရိပ်လေးများကို သီးခြားရိုက်ကူးပေးသည့် ဓာတ်ပုံဆရာမအဖြစ် ခံယူလိုက်ချိန်တွင် သူမ၏ အရည်အသွေးများ ပိုမိုတောက်ပြောင်လာခဲ့သည်။
လူစီက
ကလေးငယ်များ ရေထဲငုပ်လျှိုးနေချိန်တွင် ပင်ကိုယ်အသိက
မိခင်ဝမ်းကြာတိုက်တွင် နေထိုင်ခဲ့သော ကာလမျိုးကို သဘာဝအတိုင်း လှုံ့ဆော်
အမှတ်ရစေကာ ပိုမို တည်ငြိမ်အေးချမ်းသွားတတ်ကြောင်း ရှင်းပြခဲ့သည်။
Subscribe to:
Posts (Atom)