Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Thursday, 27 August 2015

THE NEW SUEZ CANAL



Circular No. 5/2015
THE NEW SUEZ CANAL
(1) The new Suez Canal shall be opened for navigation on 06/08/1015


(2) Traffic system in the Suez Canal including the new Canal shall be as follows:


a- Number of convoys: Two convoys
* The Southbound convoy starts at 0330- direct transit.
* The Northbound convoy starts at 0400- direct transit.


b- Limit Time of Arrival
* Port Said: South of lat. 31 28 .7 N Limited by long. 32 37.43 E. at 2300.
* Port Tewfik. North of lat. 29 42. 8 N. limited by long. 32 23 .1 E & Long. 32 41 .5 E. at 2300


(3) Pilotage system is applied as before.


(4)The permissible speed:
16 km / hr. for ordinary vessels
14 km / hr. for Tankers.


(5) The New Suez Canal has been equipped with navigational aids: (buoys, bollard pulls and pilotage stations).


(6) Amended Suez Canal Rules of Navigation, August edition 2015 has been issued.


(7) Electronic Charts have been issued for the new Suez Canal.


(8) The charts, Rules of Navigation and publications are available at Edward Company for Maritime Services:
www.edwardomarine.com
info@edwardmarine.com


(9) Enhancing the safety of LNG, LPG and tankers with SC tugs.


(10) Charts of the Suez Canal cross section are attached.
To see the attached Charts :

Director of Transit Dept
Eng./ Mohamed Sakr El-Arabi









Wednesday, 24 September 2014

Tuesday, 23 September 2014

အဏ္ဏ၀ါရဲ့ "Mt Ocean Osprey" Pirate Attack ခံလိုက်ရပါတယ်

 Zinlin Phyo feeling Fucking Pirate
 ** Breaking News **

Cargo အပြည့် (full load) သယ်ဆောင်လာသော မြန်မာသင်္ဘောသားများပါဝင်တဲ့ "Mt Ocean Osprey" Ocean Tanker ပိုင်သင်္ဘောသည် စင်္ကာပူနိုင်ငံဆိပ်ကမ်းမှ ရန်ကုန်ဆိပ်ကမ်းသို့ မောင်းနှင်လာစဉ် West Coast of Thailand မြန်မာရေပိုင်နက် (မြိတ်ကျွန်းစု)နားမရောက်ခင်မှာ Pirate Attack ခံလိုက်ရပါတယ် .....


  ဖြစ်စဉ်.....
Sept 22 ရက်နေ့ Local Time (01:07 AM) နံနက် ၁နာရီဝန်းကျင်လောက်မှာ သေနတ်ကိုင် ဓားပြ ၆ ယောက် တက်လာကြပြီး Bridge ကိုအရင်ဆုံးတက် duty officer second mate နဲ့ duty AB တို့အား လက်ပြန်ကြိုးတုပ် ပြီးတော့ သူကြီးအခန်းကိုဆင်း သူကြီးကိုပါ လက်ပြန်ကြိုးတုပ် Crew တွေအားလုံးကို bridge ပေါခေါ ခန့်မှန်းချိန် နာရီဝက် မိနစ်လေးဆယ် အတောအတွင်း Cabin တွေအားလုံးရှိ ငွေနဲ့ ပစ္စည်းတွေယူပြီး ချက်ခြင်းပြန်ဆင်းသွားကြကြောင်း သိရပါတယ် ... ခန့်မှန်းခြေ အမေရိကန် ဒေါလာ ၃၀၀၀၀ သောင်းခန့်နှင့် အခြား Personal Electronic Device များနဲ့ Accessories တွေပါသွားကြောင်း ထိခိုက် ဒဏ်ရာ တစုံယောက်မ မရရှိကြောင်း ဓားပြများသည် Fishing boat ဖြင့်လာရောက်ခြင်းဖြစ်ကြောင်း သင်္ဘောကတော့ ရန်ကုန်သို့ ခရီးဆက်သွားကြောင်း သိရှိရပါတယ် .....
(သူကြီး၏ ယခုဖြစ်စဉ်ပေါ သုံးသပ်ချက်)
> Duty ချိန်တွင်း Look Out ယူနေကြသော Duty Officer နဲ့ Duty watch AB ရဲ့ပေါ့ဆမှုဖြစ်ကြောင်း ...
> သင်္ဘောပတ်ပတ်လည် Razor Wire များတပ်ဆင်ထားခြင်းမရှိခြင်း တံခါးပေါက်များအား ပိတ်ထားခြင်းမရှိခြင်း Fire Hose များ stand by အနေအထား မရှိခြင်းတို့ကို ထောက်ပြသွားပါတယ် .....
(Today Meeting)

ဒီနေ့ Meeting မှာ သူကြီးက နောက် voyage တွေမှာ Malaca Strait ဖြတ်တိုင်း Razor Wire တွေ တပ်ဆင်မည့်အကြောင်း ... Priacy Area မှာ တံခါးပေါက် များအား အလုံပိတ်ထားမည်ဖြစ်ကြောင်း... Priacy Watch မှာ Look Out duty ယူနေကြသူတွေအားလုံး ဂရုတစိုက် ကြည့်ကင်းတာဝန်ယူရမည်ဖြစ်ကြောင်း ... အကြောင်းအမျိုးမျိုးကြောင့် Pirate Onboard ဖြစ်လာခဲ့ရင် Muster List ထဲကအတိုင်း ကိုယ့်တာဝန်အသီးသီးကို အကောင်းဆုံး Team Work လုပ်ဆောင်ရန်လိုကြောင်း ... ယခုအချိန်ကတည်းက မိမိတို့၏ ကိုယ်စီအခန်းတိုင်း အခန်းတိုင်းမှာ မိမိ၏ စာရွက်စာတမ်း ပိုက်ဆံနှင့် အရေးကြီးပစ္စည်းများအား အလွယ်တကူ သယ်ဆောင်နိုင်ရန် Stand by အနေအထား လုပ်ဆောင်ထားသင့်ကြောင်း ... Pirate Onboard ရောက်ချိန်မှာ General Emergency Alarm သံ Announce လုပ်သံ ကြားသည်နှင့်တပြိုင်နက် မိမိအခန်းတွင်းမှ အသင့်အနေထား အိပ်ကိုလွယ် Messroom ကိုသွားနေတဲ့လမ်းကြောင်းပေါရှိ မိမိ လုပ်ဖော်ကိုင်ဖက် အခန်းတိုင်း အခန်းတိုင်း တံခါးခေါက်ခြင်း Pirate Onboard ဖြစ်နေပီဖြစ်ကြောင်း ကျယ်လောင်စွာအော်ပြီး အသိပေးခြင်းတို့်ကို ပြုလုပ်ရမည်ဖြစ်ပြီး Bridge မှတာဝန်ကျ အရာရှိမှလည်း သက်ဆိုင်ရာ Radio Station, Coast Guard စသည်တို့ကို Distress အသိပေးခြင်း VHF ဖြင့် သင်္ဘောအားလုံးကို အသိပေးခြင်း စသည်တို့ကို လုပ်ဆောင်ပြီး Statellite Radio ဖြင့် သတ်မှတ်ရာနေရာသို့ လာရောက်ရမည်ဖြစ်ပီး ထိုနည်းတူ Engine Room တွင်လည်း စက်ချုပ် နှင့်အင်ဂျင်နီယာများမှလည်း Engine Room တွင်း Shut Down ချရန်လိုအပ်သည်များ လုပ်ဆောင်ပြီး သတ်မှတ်ထားရာနေရာ Steering Gear Room တွင် Crew အားလုံး Lock ချပြီး Rescue Team များရောက်လာသည်ထိ စောင့်စားရမည်ဖြစ်ကြောင်း .....
(နောက်ဆုံး သူကြီးပြောသွားတာကတော့ သေနတ်မပါ ရိုးရိုးလက်နက်ကိုင် ဓားပြဆိုရင် အခြေအနေပေါမူတည်ပြီး အားလုံး ညီညီညွတ်ညွတ်နဲ့ ပြန်တီးဖို့ အမြင့်ဆုံးတပ်လှန့်လိုက်လေသတည်း ....)
Photo: ** Breaking News **

Cargo အပြည့် (full load) သယ်ဆောင်လာသော မြန်မာသင်္ဘောသားများပါဝင်တဲ့ "Mt Ocean Osprey" Ocean Tanker ပိုင်သင်္ဘောသည် စင်္ကာပူနိုင်ငံဆိပ်ကမ်းမှ ရန်ကုန်ဆိပ်ကမ်းသို့ မောင်းနှင်လာစဉ် West Coast of Thailand မြန်မာရေပိုင်နက် (မြိတ်ကျွန်းစု)နားမရောက်ခင်မှာ Pirate Attack ခံလိုက်ရပါတယ် .....

ဖြစ်စဉ်.....
Sept 22 ရက်နေ့ Local Time (01:07 AM)  နံနက် ၁နာရီဝန်းကျင်လောက်မှာ သေနတ်ကိုင် ဓားပြ ၆ ယောက် တက်လာကြပြီး Bridge ကိုအရင်ဆုံးတက် duty officer second mate နဲ့ duty AB တို့အား လက်ပြန်ကြိုးတုပ် ပြီးတော့ သူကြီးအခန်းကိုဆင်း သူကြီးကိုပါ လက်ပြန်ကြိုးတုပ် Crew တွေအားလုံးကို bridge ပေါခေါ ခန့်မှန်းချိန် နာရီဝက် မိနစ်လေးဆယ် အတောအတွင်း Cabin တွေအားလုံးရှိ ငွေနဲ့ ပစ္စည်းတွေယူပြီး ချက်ခြင်းပြန်ဆင်းသွားကြကြောင်း သိရပါတယ် ... ခန့်မှန်းခြေ အမေရိကန် ဒေါလာ ၃၀၀၀၀ သောင်းခန့်နှင့် အခြား Personal Electronic Device များနဲ့ Accessories တွေပါသွားကြောင်း ထိခိုက် ဒဏ်ရာ တစုံယောက်မ မရရှိကြောင်း ဓားပြများသည် Fishing boat ဖြင့်လာရောက်ခြင်းဖြစ်ကြောင်း သင်္ဘောကတော့ ရန်ကုန်သို့ ခရီးဆက်သွားကြောင်း သိရှိရပါတယ် .....

(သူကြီး၏ ယခုဖြစ်စဉ်ပေါ သုံးသပ်ချက်)

> Duty ချိန်တွင်း Look Out ယူနေကြသော Duty Officer နဲ့ Duty watch AB ရဲ့ပေါ့ဆမှုဖြစ်ကြောင်း ...
> သင်္ဘောပတ်ပတ်လည် Razor Wire များတပ်ဆင်ထားခြင်းမရှိခြင်း တံခါးပေါက်များအား ပိတ်ထားခြင်းမရှိခြင်း Fire Hose များ stand by အနေအထား မရှိခြင်းတို့ကို ထောက်ပြသွားပါတယ် .....

(Today Meeting)

ဒီနေ့ Meeting မှာ သူကြီးက နောက် voyage တွေမှာ Malaca Strait ဖြတ်တိုင်း Razor Wire တွေ တပ်ဆင်မည့်အကြောင်း ... Priacy Area မှာ တံခါးပေါက် များအား အလုံပိတ်ထားမည်ဖြစ်ကြောင်း... Priacy Watch မှာ Look Out duty ယူနေကြသူတွေအားလုံး ဂရုတစိုက် ကြည့်ကင်းတာဝန်ယူရမည်ဖြစ်ကြောင်း ... အကြောင်းအမျိုးမျိုးကြောင့် Pirate Onboard ဖြစ်လာခဲ့ရင် Muster List ထဲကအတိုင်း ကိုယ့်တာဝန်အသီးသီးကို အကောင်းဆုံး Team Work လုပ်ဆောင်ရန်လိုကြောင်း ... ယခုအချိန်ကတည်းက မိမိတို့၏ ကိုယ်စီအခန်းတိုင်း အခန်းတိုင်းမှာ မိမိ၏ စာရွက်စာတမ်း ပိုက်ဆံနှင့် အရေးကြီးပစ္စည်းများအား အလွယ်တကူ သယ်ဆောင်နိုင်ရန် Stand by အနေအထား လုပ်ဆောင်ထားသင့်ကြောင်း ... Pirate Onboard ရောက်ချိန်မှာ General Emergency Alarm သံ Announce လုပ်သံ ကြားသည်နှင့်တပြိုင်နက် မိမိအခန်းတွင်းမှ အသင့်အနေထား အိပ်ကိုလွယ် Messroom ကိုသွားနေတဲ့လမ်းကြောင်းပေါရှိ မိမိ လုပ်ဖော်ကိုင်ဖက် အခန်းတိုင်း အခန်းတိုင်း တံခါးခေါက်ခြင်း Pirate Onboard  ဖြစ်နေပီဖြစ်ကြောင်း ကျယ်လောင်စွာအော်ပြီး အသိပေးခြင်းတို့်ကို ပြုလုပ်ရမည်ဖြစ်ပြီး Bridge မှတာဝန်ကျ အရာရှိမှလည်း သက်ဆိုင်ရာ Radio Station, Coast Guard စသည်တို့ကို Distress အသိပေးခြင်း VHF ဖြင့် သင်္ဘောအားလုံးကို အသိပေးခြင်း စသည်တို့ကို လုပ်ဆောင်ပြီး Statellite Radio ဖြင့် သတ်မှတ်ရာနေရာသို့ လာရောက်ရမည်ဖြစ်ပီး ထိုနည်းတူ Engine Room တွင်လည်း စက်ချုပ် နှင့်အင်ဂျင်နီယာများမှလည်း Engine Room တွင်း Shut Down ချရန်လိုအပ်သည်များ လုပ်ဆောင်ပြီး သတ်မှတ်ထားရာနေရာ Steering Gear Room တွင် Crew အားလုံး Lock ချပြီး Rescue Team များရောက်လာသည်ထိ စောင့်စားရမည်ဖြစ်ကြောင်း ..... 
(နောက်ဆုံး သူကြီးပြောသွားတာကတော့ သေနတ်မပါ ရိုးရိုးလက်နက်ကိုင် ဓားပြဆိုရင် အခြေအနေပေါမူတည်ပြီး အားလုံး ညီညီညွတ်ညွတ်နဲ့ ပြန်တီးဖို့ အမြင့်ဆုံးတပ်လှန့်လိုက်လေသတည်း ....)

(ဒီနေ့ Meeting မှာပြောသွားတဲ့အကြောင်းအရာတွေပါ လိုအပ်ချက်တွေရှိနေရင် သည်းခံကြပါ)
အားလုံးပဲဘေးကင်းကြပါစေ... ကံကောင်းကြပါစေ...
အသေးစိတ်မသိရှိရ၍ လိုအပ်သည်များ ရှိပါက ခွင့်လွှတ်ပေးကြပါ သင်္ဘောသား ညီကိုတွေ သတိထားလို့ရအောင် တင်ပေးခြင်းပါ .......

(Thank A Lot Bro Zarni Zaw Hein##)
(ဒီနေ့ Meeting မှာပြောသွားတဲ့အကြောင်းအရာတွေပါ လိုအပ်ချက်တွေရှိနေရင် သည်းခံကြပါ)
အားလုံးပဲဘေးကင်းကြပါစေ... ကံကောင်းကြပါစေ...
အသေးစိတ်မသိရှိရ၍ လိုအပ်သည်များ ရှိပါက ခွင့်လွှတ်ပေးကြပါ သင်္ဘောသား ညီကိုတွေ သတိထားလို့ရအောင် တင်ပေးခြင်းပါ .......
(Thank A Lot Bro Zarni Zaw Hein##)

 O/osprey ရဲ့နောက်ဆက်တွဲသတင်း

----------------------------------------

ဒီဖြစ်ရပ်မှာလျှော်ကြေးငွေ၅၀၀၀usd/ရရှိပါတယ်ကျန်တာရုံးကစိုက်ပေါ့လေ။
တိုက်တဲု့သူတွေကindoတွေလို့
သိရတယ်၊ဖြစ်စဉ်နဲ့၂နာရီအကြာအဲ့ဒီနေရာမှာပဲတခြားလိုင်းကတစ်စီးအတိုက်ခံရ
ပါသေးတယ်ကုန်တွေလဲသယ်သွားတယ်တဲ့။ဒို့သင်္ဘောမှာ"အ"crewတွေရှိသလို
သြူကီးကကိုရီးယား၊စက်ချုပ်ကမြန်မာပါ။

ပင်လယ်ပျော်

Thursday, 18 September 2014

Information for Marine Engineers' Exam sept 18 2014

IMO, STCW Convention, DMA, Engineer Training Record Book
  ------------------------------------------------------------------------
IMO ဆိုတာ..UN ရဲ့ အဖွဲ့အစည်းတစ်ခုပါ..အဖွဲ့ဝင်နိုင်ငံ ၁၇၀ ရှိပါတယ်..။
ကမ္ဘာကြီးရဲ့ ရေကြောင်းဘက်ဆိုင်ရာလုပ်ငန်းများကို ညှိနှိုင်းဆောင်ရွက်ပေးတဲ့
နိုင်ငံတကာ..အဖွဲ့အစည်းကြီးပါ..။

ကျွန်တော်တို့.မြန်မာနိုင်ငံက..လည်း အဖွဲ့ဝင် နိုင်ငံ.ဖြစ်ပါတယ်..။

အဲဒီအဖွဲ့ကြီးက..အဖွဲ့ဝင်များ..က.သဘောင်္တွေ..ရေယာဉ်တွေ..
အဲဒီရေယာဉ်တွေရဲ့..တည်ဆောက်မှုဒီဇိုင်းတွေ.
.ရေယာဉ်တွေမှာ..တပ်ဆင်ရမဲ့..ခေတ်မှီပစ္စည်းကိရိယာတွေ..
အဲဒီရေယာဉ်တွေပေါ်မှာ..တာဝန်ထမ်းဆောင်ကြမဲ့..အရာရှိ.၀န်ထမ်းတွေ နဲ့ ပတ်သက်ပြီး ဆက်စပ်ပြီး..
သဘာဝပါတ်ဝန်းကျင်နဲ့ပါတ်သက်လို့..လိုအပ်တာတွေ..
ဘေးအန္တရယ်ကင်းပြီးလုံခြုံစိတ်ချရဘို့..နဲ့ ပါတ်သက်လို့..လိုအပ်တာတွေ..
ရေယာဉ်ဝန်ထမ်းတွေရဲ့..လေ့ကျင့်သင်ကြားမှုနဲ့ပါတ်သက်လို့..လိုအပ်တာတွေ..
ကို..အစည်းအဝေးတွေ..ခေါ်ပြီး..ဆွေးနွေးကြ..တိုင်ပင်ကြ..ဆုံးဖြတ်ကြ..သဘောတူလက်မှတ်တွေ..ရေးထိုးကြ..လိုက်နာရမဲ့.စည်းကမ်း..လိုက်နာဆောင်ရွက်ရမဲ့.
သတ်မှတ်ရက်တွေ..အတည်ပြုကြ..စသဖြင့်..ဆောင်ရွက်ပါတယ်..။


အဲဒီသတ်မှတ်ချက်တွေ..သဘောတူညီချက်တွေကို..အမြဲတန်းသုံးသပ်ပါတယ်.။
ခေတ်နဲ့အညီ.ပြောင်းလဲသတ်မှတ်ပါတယ်..။ Accident, Incident, တွေအပေါ်မှာ
မူတည်ပြီး..ဥပဒေတွေ..သဘောတူညီချက်တွေ..ပြောင်းလဲပြုပြင်လေ့..ရှိပါတယ်.။

အဲဒီလို..ဆောင်ရွက်ရာမှာ..နိုင်ငံတွေချည်းသာ..မဟုတ်ပါဘူး..။ တစ်ခြားကျွမ်းကျင်ပညာရှင်များ၊ ရေကြောင်းလုပ်ငန်းရှင်များ..စုပေါင်းထားတဲ့..
အဖွဲ့အစည်းတွေလည်း..ပါဝင်ပါတယ်..။

Classification Societies တွေ (IACS) ပါသလို..၊ ရေကြောင်းအင်ဂျင်နီယာအဖွဲအစည်း (IMarEST), ရေယာဉ်ပိသုကာ အဖွဲ့အစည်း၊ ရေကြောင်းပညာရှင်အဖွဲ့အစည်း၊ရေကြောင်းဥပဒေပညာရှင်..စသဖြင့်..စသဖြင့်..ရေကြောင်းနဲ့ပါတ်သက်တဲ့..ကဏ္ဍပေါင်းစုံက..အဖွဲ့အစည်းတွေလည်း
ပါဝင်ပါတယ်..။

STCW..ဆိုတာက..
International Conventions for
Standards of Training, Certification and Watchkeeping for Seafarers
ပါ..
လုပ်ငန်းသဘာဝ.အရ..ပင်လယ်ကူး..နိုင်ငံခြားသွား.သဘောင်္ကြီးတွေပေါ်မှာ..
လူမျိုးပေါင်းစုံ..တွဲဘက်ပြီး..အလုပ်လုပ်ကြရပါတယ်..။
အဲဒီမှာ..Background Education Level ..ညီဘို့..လိုလာပါတယ်..။
သင်ကြားခဲ့..သင်ယူခဲ့..လေ့ကျင့်ခဲ့..တာတွေ..မတူခဲ့ရင်..အလုပ်မဖြစ်နိုင်ပါဘူး.။
အဲဒီ..အတွက်..စံ..သတ်မှတ်တဲ့..သဘောပါ..။

၁၉၇၈..မှာ..စပြီး..ပြဌာန်းပါတယ်..။
၁၉၉၅..မှာ..ပြင်ဆင်ပါတယ်..။
၂၀၁၀..မှာ..နောက်ဆုံးပြင်ဆင်ပါတယ်..။

Convention..စာအုပ်ကတော့..စာမျက်နှာ..၂၀၀..၀န်းကျင်ရှိပြီး..စံ..သတ်မှတ်ချက် တွေ..ဥပဒေပိုင်း..ဆိုင်ရာတွေ..များပါတယ်..။

မိမိတို့.ရာထူး..တာဝန်...အဆင့်အလိုက်..
သင်ကြားရမဲ့..သင်တန်းတစ်ခုချင်းစီ..အလိုက်..
အသေးစိတ်..ထုတ်ပြန်ထားတာ..ရှိပါတယ်..။
အဲဒါကို..Model Course လို့..ခေါ်ပါတယ်..။

ဥပမာ..တတိယအင်ဂျင်နီယာ..အဆင့်..ရှိရမဲ့သူများ..သင်ကြားရမဲ့..
စာတွေ့၊ လက်တွေ့နာရီ၊ သင်ကြားရမဲ့..ဘာသာရပ်များ၊ သင်ကြားချိန်သတ်မှတ်နာရီများ၊ သင်ကြားမဲ့.ဆရာတွေရဲ့..အရည်အချင်းသတ်မှတ်ချက်၊သင်တန်း ကျောင်းတွေ၊ ကောလိပ်တွေ၊ တက္ကသိုလ်တွေ..မှာ..ရှိရမဲ့..သင်ထောက်ကူပစ္စည်း၊
စတာ..စတာ..တွေ..အတိအကျ..ပါပါတယ်..။
ဒါပေမဲ့..ကိုယ့်နိုင်ငံအခြေအနေအလိုက်..အလျော့အတင်းလုပ်ခွင့်တော့..ပေးထား ပါတယ်..။

တတိယ..အင်ဂျင်နီယာအဆင့်အတွက်..သင်ကြားရမဲ့..Model Course က.
Model Course 7.04 ဖြစ်ပါတယ်..။
အင်ဂျင်နီယာချုပ် ၊ ဒုတိယအင်ဂျင်နီယာ အဆင့်အတွက်..သင်ကြားရမှာက..
Model Course 7.02 ဖြစ်ပါတယ်..။
လျှပ်စစ်နဲ့အီလက်ထရွန်းနစ် အင်ဂျင်နီယာ အဆင့်အတွက်..သင်ကြားရမှာက..
Model Course 7.08..ပါ..။
ကုန်းပတ်..ရေကြောင်းဘက်ဆိုင်ရာ (ကုန်းပတ်) အရာရှိများ..အတွက်လည်း..
အဲဒီလို..သူ့အဆင့်လိုက်..သတ်မှတ်..ပြဌာန်းထားပါတယ်..။

အဲဒီလို..ပြောင်းလဲဘို့..သတ်မှတ်ပြီးရင်..၊ ကြားထဲမှာ..အချိန်ကာလ..တစ်ခု..ပေးပါတယ်..။
အကောင်အထည်ဖော်..ဆောင်ရွက်ဘို့ပါ..။
STCW2010 Manila Amendments ရဲ့..သတ်မှတ်ချက်တွေနဲ့အညီ.
စနစ်သစ်နဲ့..လေ့ကျင့်သင်ကြားထားတဲ့..သူများ..ဖြစ်ရမယ်..။ စနစ်သစ်နဲ့..လေ့ကျင့်သင်ကြားထားပြီးမှ..စနစ်သစ်.လက်မှတ်ထုတ်ပေးရမယ်..။
စနစ်သစ်လက်မှတ်ရှိသူများသာ..2017..မှာ..သဘောင်္ပေါ်မှာ..တာဝန်ထမ်းဆောင် ခွင့်ရှိပါ့မယ်..။

အဲဒီလို..နိုင်ငံတစ်ကာ..သဘောတူ..ထားတဲ့..ကွန်ဗင်းရှင်းကို..အဖွဲ့ဝင်နိုင်ငံတွေက
လိုက်နာ..ဆောင်ရွက်ခြင်း.အကောင်အထည်ဖော်ခြင်းရှိမရှိ..ကို..IMO ..က..လိုက်လံစစ်ဆေးပါတယ်..။ IMO Audit..ပါ..။
IMO မှာ..အဖွဲ့ဝင်နိုင်ငံအချင်းချင်း..အပြန်အလှန်စစ်ဆေးခွင့်လည်း. .ပေးထားပါတယ်..။
အဲဒီအတွက်..ဟိုတစ်နှစ်၊ ၂နှစ်ဆီက..EU..ကလာစစ်တာ..တို့..၊ Malaysia က..လာစစ်တာ..တို့..ရှိခဲ့ပါတယ်..။
လာမဲ့..နှစ်မှာ..IMO နဲ့..တစ်ခြား..Flag State တွေက. လာစစ်နိုင်တယ်..လို့..မှန်းဆ လို့..ရပါတယ်..။
အဲဒီ..အတွက်..မြန်မာနိုင်ငံ..အပိုင်းက..ပြင်ဆင်ရမှာတွေ..အများကြီးပါ..။


ဆက်ရေးပါဦးမယ်..။
ဝင်းအောင်
ရေကြောင်းကျောင်းဆရာ..


STCW 2010 Minila Amentmends သဘောတူညီချက် ENGINE DEPARTMENT ဒီကိုနှိပ်ပါ

Sunday, 31 August 2014

POSB/DBS ibanking ကနေ မြန်မာပြည်က ဧရာဝတီဘဏ်ကို တိုက်ရိုက်ငွေလွှဲတဲ့နည်း

POSB/DBS ibanking ကနေ မြန်မာပြည်က ဧရာဝတီဘဏ်ကို တိုက်ရိုက်ငွေလွှဲတဲ့နည်း

အခုရက်ပိုင်း ဟွန်ဒီတွေနဲ့ ငွေလွှဲဖို့ လန့်နေသူအတွက် ဒီဖက် POSB/DBS ibanking ကနေ မြန်မာပြည်က ဧရာဝတီဘဏ်ကို တိုက်ရိုက်ငွေလွှဲတဲ့နည်းကို share ပေးလိုက်ပါတယ်၊ ပြီးခဲ့တဲ့လက စမ်းပြီးလွှဲတာ အဆင်ပြေပါသည်။

၁. မြန်မာပြည်ဖက်က ငွေလက်ခံမယ့်သူက ဧရာဝတီဘဏ်မှာ saving အကောင့်တစ်ခုဖွင့်ရပါမယ်၊ (ကိုယ့်အဖေကတော့ saving account ပဲဖွင့်ပါတယ် တခြားအကောင့်အမျိုးအစားဖွင့်လည်း လွှဲလို့ရမရ မသိပါ)
၂. ဒီဖက်က လွှဲမယ့်သူမှာလည်း POSB/DBS ibanking ရှိရပါမယ်
၃. လွှဲပုံလွှဲနည်း အဆင့်ဆင့်ကို ဓာတ်ပုံတွေ အစဉ်လိုက်ပြထားပါတယ်
ဒီနည်းနဲ့လွှဲတဲ့အခါ ကောင်းကျိုး ဆိုးကျိုးတွေကိုလည်း သိသလောက် share လိုက်ပါတယ်။
(ကောင်းကျိုး)
၁. ဒီဖက်ကငွေလွှဲမယ့်လူမှ ဘယ်ဟွန်ဒီကိုမှ ငွေဈေးသိအောင် အောက်ကျခံဖုန်းဆက်ပြီး မေးစရာမလိုပဲ ဧရာဝတီဘဏ်ရဲ့ website (http://www.ayabank.com/) ဒါမှမဟုတ် Facebook Page (https://www.facebook.com/ayabank?ref=stream) ကနေ ငွေဈေးကြည့်နိုင်ခြင်း
၂. ငွေလွှဲတဲ့အခါမှာလည်း ကိုယ့်ကွန်ပျူတာ (or) ဖုန်းထဲကနေ လွယ်ကူစွာ ထိုင်ရာမထလွှဲနိုင်ခြင်း
၃.ဟွန်ဒီနဲ့ငွေလွှဲပြီး ကိုယ့်ငွေမရောက်မှာ စိတ်ပူနေရတာမျိုး မရှိခြင်း
(ဆိုးကျိုး)

၁. ငွေဈေးသည် ဟွန်ဒီထက် ၁ ကျပ် ၂ ကျပ်ပိုနဲသည်
(ငွေလွှဲခ မြန်မာငွေ ၃၀၀၀ ကျပ်ပေးရမည်ဟု ပြောသော်လည်း ဖေဖေငွေသွားထုတ်သည့်အခါ တပြားမှ မတောင်းလိုက်ဟုဆိုသည်)
၂.ငွေလွှဲတဲ့အခါ ဖြည့်ရမယ့် အချက်တွေ မှားထည့်မိလျှင် ကွိုင်တက်နိုင်သည်
၃.တဖက်ငွေလက်ခံမယ့်သူသည် ဧရာဝတီဘဏ်ကို သွားပြီး ငွေထုတ်ရသည်
(ကိုယ့်အိမ်က နယ်မှာဆိုတော့ ဟွန်ဒီနဲ့လွှဲလည်း ဘဏ်ကို သွားရသည်၊ ဘဏ်လွှဲခ စလုံး ၄ ကျပ်ပေးရသည်၊ အဲ့တော့ မထူး၊ စိတ်ချရသည့် ဘဏ်ဘဏ်ချင်းလွှဲတာကိုပဲ ကိုယ်ကရွေးသည်)
၎.ရန်ကုန်မှာနေသူများအဖို့တော့ ဘဏ်ကို ငွေသွားထုတ်ရမည့် အလုပ်ပိုလာသည် (ဟွန်ဒီတွေက အိမ်တိုင်ရာရောက် ငွေပို့ပေးသည်ဟု ကြားဖူးသည်)
၅.ငွေလွှဲချိန်သည် ဟွန်ဒီလောက်မမြန် ၊ ဒီနေ့လွှဲ သဘက်ခါမှရောက်သည်
(အထက်မှာ ပြောသလိုပဲ ကိုယ့်အိမ်က နယ်မှာမို့ ဟွန်ဒီနှင့်လွှဲလည်း ကြာချိန်သည် အတူတူဖြစ်သည်)
မှတ်ချက် ။ ။ ပြီးခဲ့လက ဒီနည်းနဲ့လွှဲလို့ရမှန်းသိပေမယ့် လွှဲပုံလွှဲနည်း အဆင့်ဆင့်မသိလို့ ဘယ်သူ့ကို လိုက်မေးမေး မသိတာနဲ့ ဧရာဝတီဘဏ်ကို အီးမေးလ်ပို့ပြီးမေးခဲ့ရသည်၊ ထို့အတွက်ကြောင့် လွှဲချင်သည့် ကိုယ့်အသိမိတ်ဆွေတွေကို ကိုယ်သိသလောက် ပြန် share ခြင်းဖြစ်သည်။ အသုံးဝင်သည်ဟုထင်ပါက ကြိုက်သလောက်ထပ် share နိုင်ပါသည်။
ဘယ်အရာမဆို အကောင်းအဆိုး ဒွန်တွဲနေသဖြင့် ကိုယ်အဆင်ပြေမည်ထင်တာကို ရွေးချယ်ခြင်းသည် အကောင်းဆုံးဖြစ်မည်ဟု ထင်ပါသည်။
ကျေးဇူးတင်ပါသည် (ဖူးအိဖောင်း)
ထပ်မံဖြည့်စွက်ချက် ။ ။ မေးသမျှကို ချက်ချင်းဖြေပေးခဲ့သော ဧရာဝတီဘဏ်မှ မအေးချမ်းပြည့်ကို အထူးကျေးဇူးတင်ပါသည်။

credit to
----------------------
Phuei Phoung
----------------------
Admin
Tint Win @ တင့်ဝင်း
Singapore Myanmar Group - https://www.facebook.com/groups/myanmarSG
Free Singapore News Facebook Page - https://www.facebook.com/nayzawlin15
Free Online Radio Media (Malaysia News)
Free Media Website - www.malaysiaonlineradiomedia.com

Wednesday, 20 August 2014

ဖီဂျီကမ်းလွန် ပင်လယ်ထဲက လူသတ်မှု(ဗီဒီယို+18)

Fishing vessel fijian crew gettin shot, out side fiji waters

အီဘိုလာ သံသယရှိသူတဦး မြန်မာနိုင်ငံတွင် ပထမဆုံးတွေ့ရှိ

ရန်ကုန်လေဆိပ်မှာ စစ်ဆေးတွေ့ရှိတဲ့ အီဘိုလာဗိုင်းရပ်စ်ရောဂါ သံသယရှိ လူနာတဦးကို မြောက်ဥက္ကလာပ ဝေဘာဂီဆေးရုံမှာ ကျန်းမာရေးစောင့်ရှောက်ပေးနေပြီး သံသယရှိသူ စီးလာတဲ့ လေယာဉ်ပေါ် ပါလာသူ အားလုံးကိုလည်း နေအိမ်နဲ့ တည်းခိုရာတွေမှာ စောင့်ကြပ်ကြည့်ရှုသွားမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ သြဂုတ်လ ၁၉ ရက်နေ့ညက အမ်အေအိုင်လေကြောင်းနဲ့ ထိုင်းနိုင်ငံကနေ ရန်ကုန်ကို လိုက်ပါလာတဲ့ အသက် ၂၀ ကျော် မြန်မာအမျိုးသားဦး ကို်ယ်အပူအချိန်မြင့်တက်နေတာ၊ ကိုယ်လက်နှုံးချိနေတာ စတဲ့ ရောဂါလက္ခဏာတွေ ခံစားနေရတာကို တွေ့ရှိခဲ့ပါတယ်။ Ebola myanmar 20082014သက်ဆိုင်ရာက ခရီးသွားရာဇ၀င်ကို စုံစမ်းခဲ့ရာမှာ အီဘိုလာရောဂါဖြစ်ခဲ့တဲ့ အာဖရိက နိုင်ငံတွေမှာ ၁ နှစ်ကျော်အလုပ်လုပ်ပြီး ပြန်လာသူဖြစ်တယ်ဆိုတာ စစ်ဆေးတွေ့ရှိခဲ့ ရတာပါ။ ခုလို အီဘိုဘာ သံသယလူနာ တွေ့ရှိမှုနဲ့ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာန လက်အောက်က ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါက်တာ တိုးသိရီအောင်က ဒီဗွီဘီကို ခုလို ရှင်းပြပါတယ်။ “သူက လေယာဉ်ပေါ်မှာ ဖျားတယ်၊ ကိုယ်လက်မအီမသာ ဖြစ်တဲ့ လက္ခဏာတွေ ခံစားလာရတယ်။ ခံစားလာရတော့ လေကြောင်း အောက်ဘက်မှာ အဖျားရောဂါ စောင့်ကြပ် ကြည့်ရှုတဲ့အဖွဲ့ ရှိပါတယ်။ ကျန်းမာရေးဌာနရဲ့ တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီးတော့မှ ကျမတို့ ထိတွေ့မှုအနည်းဆုံးနဲ့ ဆေးရုံကို ပို့ဆောင်ပါတယ်။ အောက်ရောက်တော့လည်း စစ်ဆေးပါတယ်။ စစ်ဆေးတော့ အဖျားရှိတယ်၊ အာဖရိက နိုင်ငံ ၂ နိုင်ငံသွားခဲ့တဲ့ သမိုင်းရှိတယ်ဆိုတော့ သံသယ လူနာအဖြစ် သတ်မှတ်ပြီး အောက်မှာ တခါထပ်ပြီး စစ်ဆေးပြီးတော့မှ အဓိကထား ကုသပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က သွားခဲ့တယ်။ တခြားလေဆိပ်တွေကိုလည်း ဖြတ်ခဲ့တယ်။ မြန်မာနိုင်ငံရောက်မှ သေချာစောင့်ကြပ် ကြည့်ရှုတာကြောင့် သံသယရှိတဲ့ လူနာတွေ့တာပေါ့။ သူက လာနေရင်းနဲ့ ဖြစ်လာတာ။” လတ်တလော လူနာကို ဝေဘာဂီအထူးကုဆေးရုံမှာ စောင့်ကြပ်ကြည့်ရှုပေးနေပြီး အီဘိုလာ ရောဂါ ဟုတ်မဟုတ် အဖြေကို အတိအကျသိရဖို့ အိန္ဒိယနိုင်ငံက ဓာတ်ခွဲခန်းကို ပို့ဖို့ ဒီနေ့ ဆောင်ရွက်နေတယ်လို့ ဒေါက်တာ တိုးသိရီအောင်က ပြောပါတယ်။ “ဓာတ်ခွဲစစ်ဆေးတဲ့ လိုအပ်တဲ့ နမူနာတွေကို ဒဗလျူအိပ်ခ်ျအို (ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး) က သတ်မှတ်ထားတဲ့ အိန္ဒိယနိုင်ငံက ဓာတ်ခွဲခန်းကို ပေးပို့ စစ်ဆေးပါ့မယ်။ အခုပို့ဖို့ ဆောင်ရွက်နေပါပြီ။” လူနာအပြင် လူနာကို ပြုစုကုသလိုက်ပါပို့ဆောင်သူ ၄ ဦးကိုလည်း ဝေဘာဂီအထူးကု ဆေးရုံကြီးမှာ စောင့်ကြပ်ကြည့်ရှုပေးနေပါတယ်။ ဒါ့ပြင်လူနာ စီးနင်းလိုက်ပါလာတဲ့ လေယာဉ်ကို ရောဂါပိုးသန့်စင်တာနဲ့ လေဆိပ်ဝန်ထမ်း တွေကို ရောဂါစာင့်ကြပ်ကြည့်ရှုမှုတွေ လုပ်နေတဲ့အပြင် သံသယရှိသူ စီးလာတဲ့ လေယာဉ်ပေါ် မှာ ပါလာသူ အားလုံးကိုလည်း အိမ်နဲ့ တည်းခိုရာတွေမှာ စောင့်ကြပ်ကြည့်ရှုသွားဖို့ ရှိနေတယ်လို့ ကျန်းမာရေးဌာန တာဝန်ရှိသူက ပြောပါတယ်။ အီဘိုလာရောဂါမြန်မာနိုင်ငံကို ကူးစက်ပျံ့နှံ့မလာအောင် သက်ဆိုင်ရာက ရန်ကုန်နဲ့ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အဆင့်မီစက်တွေနဲ့ ကျန်းမာရေးဝန်ထမ်းအဖွဲ့တွေ ချထားကာ စစ်ဆေးနေပြီး ဆိပ်ကမ်းတွေနဲ့ နယ်စပ်ဖြတ်ကျော်ဝင်ပေါက်တွေမှာလည်း စောင့်ကြပ်ကြည့်ရှုတွေ ပြုလုပ်နေပါတယ်။ အီဘိုလာရောဂါဟာ တိုက်ရိုက်ထိတွေ့မှ ကူးစက်နိုင်တာဖြစ်ပြီး ဒီနေ့အထိ ကာကွယ် ကုသဆေး မရှိသေးပါဘူး။ ဆူဒန် နဲ့ ကွန်ဂိုမှာ ၁၉၇၆ တုန်းက စတွေ့ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ကူးစက်မြန်ရောဂါတခု ဖြစ်လာပြီး ဒီနေ့အထိ ဒီရောဂါကြောင့် လူပေါင်း ၁၀၀၀ ကျော်သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

Sunday, 10 August 2014

Super moon

Full moon falls on August 10, 2014 at 18:09 UTC (1:09 p.m. CDT in the U.S.). This full moon is not only the closest and largest full moon of the year. It also presents the moon’s closest encounter with Earth for all of 2014.
သြဂုတ်လ ၁၀ရက် ဝါခေါင်လပြည့်နေ့ မြန်မာစံတော်ချိန် ည ၁၁နာရီ ၅၅မိနစ်တွင် မြန်မာမိုးကောင်းကင်ပြင်ကို `လ´ရောက်ရှိကာ နှစ်ပေါင်းများစွာအတွင်း တစ်ကြိမ်သာ ကြုံကြရသည့် Super moon ဖြစ်စဉ်နှင့်ကြုံတွေ့ရမည် လဆွဲအား မြင့်မားမည်။ ဒီရေအတက်ကြမ်း ရေကြီးဖွယ်ရာ ရှိသည်။
 
 ၂၀၁၄ခုနှစ်အတွက် ကမ္ဘာနှင့် အနီးဆုံးကြုံရခြင်း ဖြစ်သည်။ သို့ဖြစ်ရာ လကို အကြီးမားဆုံးအဖြစ် မြင်ရမည်။ ပုံတွင် အတွင်းဝိုင်းသည် မြင်ရနေကျ လပြည့်။ အပြင်ဝိုင်းသည် မြင်ရမည့် စူပါမွန်း လပြည့်ဖြစ်တော့သည်။
 ဓမ္မစေတီခေါင်းလောင်းဆယ်မည့် အချိန်လည်း ဖြစ်သည်။ 



Saturday, 26 July 2014

HIV ​ဗိုင်းရပ်စ်ပိုးကို ​သတ်နိုင်စွမ်းရှိတဲ့​ကွန်ဒုံး

 HIV ဗိုင်းရပ်စ်ပိုးကို သေစေနိုင်တဲ့ ကွန်ဒုံးတွေ (Credit: ABC Licensed) 

 သြစတြေးလျနိုင်ငံက ​တီထွင်ထားတဲ့ ​ကွန်ဒုံး ​ဟာ ​HIV ​ဗိုင်းရပ်စ်ပိုးကို ​သတ်နိုင်စွမ်းရှိတဲ့အတွက် ​လူအများအသုံးပြုနိုင်အောင် ​ရောင်းချဖို့သင့်မသင့် ​သုံးသပ်နေကြပါတယ်။

အဲဒီ ​ကွန်ဒုံးဟာ ​HIV ​ဗိုင်းရပ်စ် ​ပိုးအပြင်၊ ​လိင်အင်္ဂါ ​တဝိုက်မှာ ​ဖြစ်တတ်တဲ့ ​ရေရုံတွေနဲ့ ​လိင်ဆက်ဆံမှုကနေ ​ဖြစ်ပေါ်တတ်တဲ့ ​တခြား ​ရောဂါပိုး ​တွေကိုလည်း ​၉၉.၉ ​% ​အထိ ​သတ်ပစ်နိုင် ​စွမ်းရှိ ​တယ်လို့ ​ဆို ​ပါတယ်။

ပိုးသတ်ဆေးတွေ ​ပါဝင်တဲ့ ​ကွန်ဒုံးတွေကို ​သြစတြေးလျ ​နိုင်ငံက ​Startpharma ​ကုမ္ပဏီက ​တီထွင် ​တာဖြစ်ပြီး ​အဲဒီ ​ကွန်ဒုံးတွေကို ​VivaGel ​လို့ ​ခေါ်ပါတယ်။

အဲဒီ ​ကွန်ဒုံးတွေကို ​အများပြည်သူတွေဆီ ​ရောင်းချဖို့ ​သင့်မသင့် ​သက်ဆိုင်ရာက ​သုံးသပ်မှုတွေလုပ်နေပြီး ​အကယ်လို့ ​ခွင့်ပြုချက်ပေးမယ်ဆိုရင် ​သီတင်းပတ် ​အနည်းငယ်အတွင်း ​ရောင်းချနိုင်မယ်လို့လည်း ​သိရပါတယ်။

ကမ္ဘာပေါ်က ​လူသန်းပေါင်း ​၃၅ ​သန်းလောက်ဟာ ​AIDS ​ရောဂါဖြစ်လာစေတဲ့ ​HIV ​ဗိုင်းရပ်စ်ပိုး ​ကူးစက်ခံရသူတွေ ​ဖြစ်ကြပြီး ​AIDS ​ရောဂါတိုက်ဖျက်ရေးအတွက် ​မဲလ်ဘုန်းမြို့မှာ ​ကမ္ဘာ့ညီလာခံ ​ကျင်းပနေကြပါတယ်။

AIDS ​ညီလာခံနဲ့ ​ပတ်သက်တဲ့ ​ဆောင်းပါးတွေနဲ့ ​ဓာတ်ပုံတွေကိုလည်း ​ဒီရက်ပိုင်းမှာ ​ကြည့်ရှုလို့ရအောင် ​လုပ်ဆောင်ပေးမှာ ​ဖြစ်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-07-22/1346171

Wednesday, 16 April 2014

South Korean ferry Sunk Off

Captain Abandons Ferry That Sunk Off South Korea

 

 

South Korean ferry

 

South Korea Ferry Disaster: Rescuers Save Six-Year-Old Girl, Pa

 

Sunday, 1 December 2013

Let’s Stop HIV Together

The red ribbon

30 years after the first cases of HIV – the red ribbon is the universal symbol of awareness and support for those living with HIV. The red ribbon was the first ever ribbon symbol, inspiring later versions such as the pink ribbon for breast cancer awareness.

 ပင်လယ်ပျော်ရဲ့ငယ်တုန်းကသူငယ်ချင်း
သူကသစ်ကားမောင်းတဲ့ဝန်ထမ်းကားသမားဆိုပါတော့
အပြင်းဆေးခန်းတခုမှာဆေးစစ်တာHIV (+ive) တဲ့၊ဒါနဲ့နောက်ဓါတ်ခွဲခန်းတစ်ခုမှာထပ်စစ်တယ်
(+positive) ပါပဲအဖြေပေးတယ်သူ့ကိုယ်သူစိတ်သန့်တာကြောင့်နောက်ဆုံးအနေနဲ့အစိုရဓါတ်ခွဲခန်းမှာစစ်
တော့ (-ive)ဆိုတာနဲ့သေချာစစ်ကြည့်ပါသူကို(+ive)လို့နှစ်နေရာကပြောကြောင်းဆေးစစ်စာတွေပြတော့
သေချာအောင်ထပ်စစ်ပြီး (ive)လို့ထောက်ခံတယ်သူအနေနဲ့ဓါတ်ခွဲခန်းနှစ်ခုကိုတရားစွဲမယ်
ဆိုသူတိုသက်သေလိုက်ပေးမယ်ပြောပါတယ်။
စဉ်းစားကြည့်ပါတော်ယုံလူဆိုယင်ပထမအဖြေမှာတင်စိတ်ဓါတ်ကြရောဂါနဲ့
သက်စိုရှည်မှာမဟုတ်ဘူး။သူ့ကိုယ်သူယုံကြည်မှုရှိတာကြောင့်ထပ်စစ်မိတာပေါ့
သဘောထားကြီသူတယောက်အနေနဲ့ရောဂါမရှိတာသိရယင်ကျေနပ်ပါပြီတရားလဲမစွဲတော့ပါဘူးတဲ့
ဒါကြောင့်ပင်လယ်ပျော်တို့လည်းဓါတ်ခွဲခန်းကအဖြေထက်၊ကိုယ့်ကိုကိုယ်ယုံကြည်မှုရအောင်ပြုမူနေထိုင်
သင့်ကြောင်းဒီနေ့ကျရောက်တဲ့ကမ္ဘာAIDS နေ့(World Aids Day)ကိုကြိုဆိုမှတ်တန်းပြုလိုက်ပါတယ်။
ကမ္ဘာAIDS နေ့ဆောင်ပုဒ် "(ခွဲခြားနှိမ်ချကင်းစင်ဝေးကူးစက်သေးဆုံးမရှိရေး ART ဖြင့်ကုသပေး)"

ရောဂါခံစားနေသူတဦးဓါတ်ပုံ

ပင်လယ်ပျော်

အနာဂါတ်ရဲ့ ရေပေါ်မြို့တော်သင်္ဘောကြီး

လူပေါင်း(၅၀၀၀၀)ကျော် မှီတင်းနေထိုင်နိုင်မည့် အဆိုပါ ရေပေါ်မြို့တော်သည် သင်္ဘောကြီး တစ်စင်းပေါ်တွင် အခြေခံ တည်ဆောက်ထားမည် ဖြစ်သည်။
အနာဂတ်ကာလအတွက် ရေပေါ်မြို့တော်ကြီး
ကမ္ဘာပေါ်တွင် လူဦးရေ ထူထပ်မှုနှင့်အတူ နေထိုင်စရာ ရှားပါးလာမည့် အနာဂတ်အတွက် ရည်စူးထားသည့် ရေပေါ်မြို့တော် စီမံကိန်း ပုံစံတစ်မျိုးကို အမေရိကန် ဗိသုကာ ကုမ္ပဏီ တစ်ခုက စတင်ထုတ်ဖော် ပြသလိုက်သည်။ လူပေါင်း(၅၀၀၀၀)ကျော် မှီတင်းနေထိုင်နိုင်မည့် အဆိုပါ ရေပေါ်မြို့တော်သည် သင်္ဘောကြီး တစ်စင်းပေါ်တွင် အခြေခံ တည်ဆောက်ထားမည် ဖြစ်သည်။ အဆိုပါ ဒီဇိုင်းသည် အထပ်ပေါင်း (၂၅)ထပ်ဖြင့် ဖွဲ့စည်းတည်ဆောက်စေမည်ဖြစ်ပြီး လူနေမှုဘဝအတွက် လိုအပ်ချက်အားလုံး ပါရှိမည်ဟု ဆိုသည်။ သင်္ဘော၏ အပေါ်ဆုံးထပ်သည် လေယာဉ်ကွင်းတစ်ခုအဖြစ် ရှိနေနိုင်ပြီး စာသင်ကျောင်းများ၊ ဆေးရုံ၊ ပန်းခြံ၊ အနုပညာပြခန်း၊ ကာစီနို လောင်းကစားရုံ အစရှိသည့် အရာများကိုပါ ထည့်သွင်းတည်ဆောက်ထားမည် ဖြစ်သည်။ နောက်ဘက်တွင်လည်း ဆိပ်ကမ်းငယ်တစ်ခုကို ထည့်သွင်းထားပေးသည်။



ဖလော်ရီဒါတွင် အခြေစိုက်သည့် Freedom Ship International ကုမ္ပဏီက အဆိုပါ စီမံကိန်းသည် လက်တွေ့အကောင်အထည် ဖော်ရန်အတွက် ဒေါ်လာ (၁၀)ဘီလျံမျှ ကျသင့်မည်ဟု ပြောကြားခဲ့သည်။ ယင်းအဆောက်အအုံကို အမှန်တကယ် ဆောက်လုပ်ဖြစ်ပါက လူပေါင်း(၅၀၀၀၀) မှီတင်းနေထိုင်နိုင်မည်ဖြစ်ပြီး အပိုဆောင်း ဧည့်သည် (၃၀၀၀၀)အတွက်ပါ နေရာထိုင်ခင်း စီစဉ်ပြီး ဖြစ်နေမည်ဟု သိရသည်။ ယင်းသင်္ဘောသည် ကမ္ဘာကိုပတ်ကာ ခုတ်မောင်းနေမည်ဖြစ်ပြီး (၂)နှစ်ကြာတိုင်း ကမ္ဘာတစ်ပတ် ခရီးနှင်ပြီး ဖြစ်နေမည်ဟု ဆိုသည်။ ထို့ကြောင့် မိမိနေအိမ်တွင်ပင် နေထိုင်ရင်း အေးအေးလူလူ ကမ္ဘာပတ်နေနိုင်မည့် ဖန်တီးမှုမျိုးဟု ညွှန်းဆိုနိုင်မည် ဖြစ်သည်။
အပေါ်ဆုံးထပ် လေယာဉ်ကွင်းသည် လူ(၄၀)ဆံ့သည့် ခရီးသည်တင် လေယာဉ်ငယ်များ ဆင်းသက်နိုင်မည်ဖြစ်ရာ အနီးအနား ပတ်ဝန်းကျင် နိုင်ငံများထံ အလွယ်တကူ ကူးလူးနိုင်မည်ဟု Freedom Ship Internationalမှ ဒါရိုကတာနှင့် ဒုတိယဥက္ကဋ္ဌဖြစ်သူ ရိုဂျာဂူးခ်ျက ပြောကြားခဲ့သည်။ "ခုလောလောဆယ် ကွန်ပျူတာနဲ့ တွက်ချက်ပုံဖော်ထားတဲ့ ဒီဇိုင်းအဆင့်ပဲ ရှိသေးပေမယ့် လက်တွေ့တည်ဆောက်ဖြစ်မယ်ဆိုရင် ကမ္ဘာပေါ်မှာ အကြီးဆုံး သင်္ဘောကြီးနဲ့ ရေပေါ်မြို့တော်ကြီး ဖြစ်လာပါလိမ့်မယ်"ဟု ဂူးခ်ျက မှတ်ချက်ပြုခဲ့သည်။

၎င်းက "ကျွန်တော်တို့ အနေနဲ့ ဒါကိုလက်တွေ့ တည်ဆောက်ဖို့တော့ ငွေရေးကြေးရေး အခက်အခဲတွေ ရှိပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ (၆)လအတွင်း ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားတဲ့ ကုမ္ပဏီတွေ အများကြီး ရှိလာတယ်။ တကယ်လို့ ဒေါ်လာ (၁)ဘီလျံလောက် စပြီး ရင်းနှီးနိုင်ရင် ဆောက်လုပ်မှု လုပ်ငန်းကို လက်တွေ့ အစပြုနိုင်မယ် ထင်ပါတယ်"ဟုလည်း ပြောဆိုသွားသည်။ ဒီဇိုင်းတည်ဆောက်မှုအရ အဆိုပါ သင်္ဘောကြီးသည် အရှည်ပေ (၄၅၀၀)၊ အကျယ်ပေ (၇၅၀)နှင့် အမြင့်ပေ(၃၅၀)ထိ ရှိပြီး တန်ချိန် (၂.၇)သန်းထိ လေးလံမည်ဟု သိရှိရသည်။(planet)
ဗီဒီယို


Friday, 22 November 2013

တရုတ်ကိုယ်ပျောက်ဒရုန်းပျံသန်း

Sharp Sword လို. အမည် ပေးထားတဲ့ "stealth drone" အမျိုးအစား အဝေးထိန်း ကိုယ်ပျောက် တိုက်လေယာဉ် တစီးကို တရုတ် နိုင်ငံက နိုဝင်ဘာလ ၂၂ ရက်က ပထမဆုံး အောင်မြင်စွာ စမ်းသပ် ပျံသန်းနိုင်ခဲ့တယ် လို. တရုတ် မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
၂၁ ရာစု ရဲ့ အင်အားကြီး နိုင်ငံကြီး ဖြစ်လာဖို့ စီးပွားရေး နဲ့ စစ်ရေး အင်အားတွေ တိုးချဲ့ တည်ဆောက်နေတဲ့ တရုတ် နိုင်ငံမှာ ခု နောက်ဆုံး စမ်းသပ် ပျံသန်း ခဲ့တဲ့ မောင်းသူမဲ့ လေယာဉ်နဲ့ လူလိုက်ပါ မောင်းနှင်တဲ့ stealth နည်းပညာသုံး တိုက်လေယာဉ်တွေရဲ့ စွမ်းအားကို သေချာ မသိရသေးပေမယ့် အဆင့်မြင့် နည်းပညာသုံး စစ်ပစ္စည်းတွေနဲ့ ယာဉ် တွေကို ဒီနှစ်ပိုင်း အတွင်း တရုတ်က ထုတ်လုပ် နေခဲ့တာတော့ သေချာပါတယ်။
ဒီ stealth နည်းပညာက ရေဒါ၊ အနီအောက် ရောင်ခြည် နဲ့ ရေဒီယို လှိုင်း ၊ အသံ အလင်း စတာတွေ ထုတ်လွှင့်မှု ကို လျှော့ချ နိုင်တဲ့ နည်းပညာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း မောင်းသူမဲ့ တရုတ် လေယာဉ်ပျံ တစင်း အရှေ့ တရုတ် ပင်လယ် ထဲက အငြင်းပွားနေတဲ့ ကျွန်းစု တွေနား လာရောက် ပျံသန်း ခဲ့တဲ့ အတွက် ဂျပန် ရဲ့ မျက်မာန်ရှမှုကို ကြုံတွေ့ခဲ့ပါတယ်။


ဒီလေယာဉ်ကို ဂျပန် က ဖိုက်တာ ဂျက် တိုက်လေယာဉ်တွေ လွှတ်ပြီး ပစ်ချဖို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ဂျပန်က ဒီလို ပစ်ချဖို့ ကြိုးစားရင် ဒါဟာ စစ်ကြေညာတာနဲ့ အတူတူပဲလို့ တရုတ် ကာကွယ်ရေး ဌာနက တုံ့ပြန် ပြောဆိုခဲ့ပါတယ်။

ဒီလို မောင်းသူမဲ့ လေယာဉ်ကို အောင်မြင်စွာ ပျံသန်းနိုင်ခဲ့မှုကြောင့် ခုဆိုရင် တရုတ်ပြည်ဟာ ဗြိတိန်၊ ပြင်သစ်၊ အမေရိကန် နိုင်ငံတွေနဲ့ တန်းတူ နည်းပညာ တိုးတက်မှု ရှိနေပြီလို့ ဟောင်ကောင်ထုတ် ဆောက်ချိုင်းနားပို့စ် သတင်းစာကြီးကလည်း ရေးသားခဲ့ပါတယ်။
ဒီမောင်းသူမဲ့ ယာဉ်ဟာ အမေရိကန် ရေတပ်က လေယာဉ်တင် သင်္ဘော တွေ အတွက် စမ်းသပ် ပျံသန်း နေတဲ့ X-47B မောင်းသူမဲ့ ယာဉ်၊ ပြင်သစ် က စမ်းသပ် နေတဲ့ နျူရုန် စီမံကိန်းက ယာဉ်တွေနဲ့ အသွင် တူနေပါတယ်။
ဒါဟာ တရုတ် စစ်ရေး အင်အား တိုးချဲ့မှုရဲ့ အရေးကြီးတဲ့ လှေကားတထစ် ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက် မာတင် ပေးရှင့်က ဘေဂျင်းကနေ ပေးပို့ပါတယ်။
ဒီလို တရုတ်ပြည်က ငွေကိုသွန်ပြီး စစ်အင်အား တိုးချဲ့ လာမယ်ဆိုရင် ဒေသတွင်း အိမ်နီးချင်း နိုင်ငံတွေရဲ့ စိုးရိမ် ကြောင့်ကြမှု တိုးပွား လာလိမ့်မယ်လို့လည်း မာတင် ပေးရှင့်က ပြောဆိုခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်ကလည်း တရုတ်ပြည်ရဲ့ ပထမဆုံး stealth နည်းပညာသုံး တိုက်လေယာဉ်ကို ထုတ်ပြခဲ့ပြီး ၂ဝ၁၈ ခုနှစ်ထိ ဒီလေယာဉ်ကို ပျံသန်း မောင်းနှင်လို့ မရသေးဘူးလို့ သိရပါတယ်။
ယူကရိန်းက လေယာဉ်တင် သင်္ဘော တစင်းကို ၂ဝ၁၁ က တရုတ်က ဝယ်ယူ ခဲ့သလို တရုတ်ပြည်ရဲ့ ပထမဆုံး လေယာဉ်တင် သင်္ဘော ကိုလည်း အပြီးသတ် မတပ်ဆင်ရသေးဘဲ ရေချ ခဲ့ပါတယ်(BBC)

Friday, 15 November 2013

Royal Green River အေပ်ာ္စီး သေဘၤာ

ရန်ကုန်  နိုဝင်ဘာ  ၁၅
ရန်ကုန်မြစ်အတွင်း ယခုလမှစ၍ Royal Green River အပျော်စီး သင်္ဘောသစ်မှ အပျော်စီး သင်္ဘောခရီးစဉ်များကို အပတ်စဉ် ရုံးပိတ်ရက်နှစ်ရက်တွင် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း Royal Green River အပျော်စီး သင်္ဘော ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ ခရီးစဉ်အနေဖြင့် အပတ်စဉ် စနေနှင့် တနင်္ဂနွေနေ့များတွင် ပြေးဆွဲပေးမည်ဖြစ်ပြီး ဗိုလ်တထောင် ဆိပ်ကမ်းမှ စတင်ထွက်ခွာ၍ ရန်ကုန်မြစ်အတွင်း ရှုခင်းများကို နှစ်နာရီခန့် အပန်းဖြေ ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း၊ ၎င်းအပျော်စီး သင်္ဘောအနေဖြင့်  စင်းလုံးငှား ခရီးစဉ်များ ငှားရမ်းရန်လည်း စီစဉ်ထားကြောင်း သိရှိရသည်။
''စင်းလုံးငှားမယ်ဆိုရင် ရက်ရှည်ခရီးစဉ်တွေကိုလည်း လုပ်ပေးပါတယ်၊ အထက်ပိုင်း ခရီးစဉ်တွေ စီစဉ်ပေးနေပါတယ်၊ ရန်ကုန်မြစ်အတွင်းမှာ ပြည်ပခရီးသွားတွေက စက်လှေအသေးတွေငှားပြီး ရှုခင်းကြည့်ကြတယ်၊ အဓိကက တော့ သူတို့ကို ဆွဲဆောင်နိုင်ဖို့ပါ'' ဟု ၎င်းက ပြောကြားသည်။
Royal Green River အပျော်စီး သင်္ဘောအတွင်း အိပ်ခန်းရှစ်ခန်း၊ ထမင်းစားခန်း၊ ဘားကောင်တာများပါဝင်ပြီးညအိပ်ခရီးစဉ်တွင်ခရီးသည်၁၆ဦး တည်းခိုလိုက်ပါနိုင်ကြောင်း၊ နေ့ခရီးစဉ်တွင်မူ ခရီးသည် ၅ဝ ဦး လိုက်ပါနိုင်ပြီး ယခုနှစ် ခရီးသွားရာသီတွင် မန္တလေး၊ ပုဂံ၊ ဗန်းမော် စသည့် ရက်ရှည်ခရီးစဉ်များကို စင်းလုံးငှား ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရှိရသည်။
ယခုနှစ် ခရီးသွားရာသီတွင် ရန်ကုန်သာမက မန္တလေးတွင်လည်း အပျော်စီးသင်္ဘော ကုမ္ပဏီသစ်များ တိုးချဲ့လာ ကြပြီး သင်္ဘော အစီးရေမှာလည်း တိုးချဲ့ပြေးဆွဲလာကြကြောင်း၊ ဧရာဝတီမြစ်ကြောင်းတွင် မြန်မာနိုင်ငံသားပိုင် Irrawa- ddy Princess River Cruise သင်္ဘောကုမ္ပဏီ၏ သုံးစင်းမြောက် သင်္ဘောအသစ်ဖြစ်သော Princess Royal အပျော်စီးသင်္ဘောအား မန္တလေး-ပုဂံ နှစ်ညအိပ်သုံးရက် ခရီးစဉ်နှင့် ပုဂံ-မန္တလေး နှစ်ညအိပ် သုံးရက်ခရီးစဉ် များ ယခုလ တွင် ပြေးဆွဲမည်ဖြစ်ကြောင်း သိရှိရသည်။(မြဝတီ)

Tuesday, 12 November 2013

Super Typhoon Haiyan(ဓါတ်ပုံ)

An aerial view of a coastal town, devastated by super 
Typhoon Haiyan, in Samar province in central Philippines November 11, 2013. Dazed survivors of super Typhoon Haiyan that swept through the central Philippines killing an estimated 10,000 people.

















(ဓါတ်ပုံReuters)