Tuesday, 8 October 2013

အမေရိကန်ဒေါ်လာ ၁၀၀ တန် အသစ် အင်္ဂါနေ့ စထွက်မည်

အမေရိကန်ဒေါ်လာ ၁၀၀ တန် အသစ် အင်္ဂါနေ့ စထွက်မည်အမေရိကန်ဒေါ်လာငွေစက္ကူတရာတန်သစ်ကို
အခုအင်္ဂါနေ့(၀၈.၁၀.၁၃)မှာအမေရိကန်ပြည်ထောင်စုကတရားဝင်ထုတ်လိုက်ပါပြီ။
အခု ငွေစက္ကူတရာတန်သစ်မှာအရင်တုန်းကရှိခဲ့တဲ့ပုံစံမျိုးတွေ ပြန်တွေ့ရပေမယ့် လို့
 ငွေစက္ကူအတုလုပ်မှုတွေ ကာကွယ်နိုင်အောင်ပုံစံသစ်ဆောင်ရွက်ထားတာတွေကိုလည်း တွေ့ရပါတယ်။

ဒေါ်လာ ငွေစက္ကူတရာတန်ဟာ အမေရိကန်ငွေစက္ကူတွေထဲမှာ ကမ္ဘာဘဏ်တွေမှာ အသုံးအများဆုံး ငွေစက္ကူဖြစ်ပါတယ်။ ငွေတန်ဖိုး ၈ ဘီလီယံထဲမှာ တ၀က်ကျော် သုံးပုံနှစ်ပုံလောက်ဟာ အမေရိကန်ပြည်ထောင်စု ပြင်ပမှာ လည်ပတ်နေပါတယ်။
လက်ရှိသုံးနေတဲ့ ငွေစက္ကူ တရာတန်လိုပဲ အခု အသစ်မှာလည်း လွန်ခဲ့တဲ့ ရာစုနှစ် နှစ်ခုလောက်က ဖြစ်တဲ့ အမေရိကန်တော်လှန်ရေးရဲ့ခေါင်းဆောင် Benjamin Franklin ပုံကိုပဲ ဖော်ပြထားပါတယ်။ အခြားတဘက်မှာတော့ Philadephia မှာရှိတဲ့ လွတ်လပ်ရေး ခမ်းဆောင်ပုံ ဖြစ်ပါတယ်။
ဒါပေမယ့် အခု ငွေစက္ကူသစ်မှာတော့ Franklin ပုံရဲ့ ထောင့်မှာ အင်္ဂလိပ်လို (100) ရေးထားတဲ့ အ၀ါရောင် အကွက်တကွက်ပါရှိပြီး အခြားတဘက်မှာတော့ မှင်အိုးပုံ တံဆိပ်တစ်ခု ပါရှိပါတယ်။ အဲဒီ မှင်အိုးပုံထဲမှာတော့ Philadelphia လွတ်မြောက်ရေးခေါင်းလောင်းပုံ ရှိပါတယ်။ ဒါ့အပြင် အပြာရောင် လုံခြုံရေးဖဲပြားကြိုး ဒေါင်လိုက်တွေ့ရပြီး အဲဒီအပေါ်မှာတော့ အင်္ဂလိပ်လို ၁၀၀ ဂဏန်းနဲ့ လွတ်မြောက်ရေးခေါင်းလောင်းပုံလေးတွေ ပါရှိပါတယ်။
အမေရိကန်ငွေစက္ကူအတုလုပ်မှုတွေ ပိုပြီး ခေတ်မီတိုးတက်လာတာကို တဘက်မှာ တန်ပြန်ဖို့ အခုလို ဆောင်ရွက်ထားမှုဖြစ်တယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါပေမယ့် အရင် ငွေစက္ကူ တရာတန်ဟောင်းတွေကိုလည်း ဆက်လက်လက်ခံထားရှိမှာဖြစ်ပါတယ်။(ဗီအိုအေသတင်း)


News : (AP)

( ဧရာဝတီသတင်း)
  ဒေါ်လာ တရာတန် ငွေစက္ကူသစ် အမေရိကန်မှာ ဒီကနေ့ ဖြန့်ပါမယ် တဲ့။
 ဖရန်ကလင်ရဲ့ပုံနဲ့ပါပဲ။
ကဲ ... အသစ်မှာ ဘာတွေ ပါမလဲ ကြည့်လိုက်ကြရအောင်။


  • ရှေ့ဘက်


ဖရန်ကလင်ရဲ့ညာဘက် အ၀ါကွက်မှာ USA, 100 စသဖြင့် ရေးထားပါတယ်။ 
ဘယ်ဘက်မှာ မှင်အိုးပုံတခု ထင်ထင်ရှားရှား   ရိုက်နှိပ်ထားတယ်၊ မှင်အိုးပေါ်မှာ ခေါင်းလောင်းပုံ တွေ့ရပါမယ်။
ဖရန်ကလင် နဲ့ မှင်အိုးကြားထဲမှာတော့ လုံခြုံရေးကြိုး ရှိပါမယ်။ ကြိုးပေါ်မှာ ခေါင်းလောင်းပုံတွေ 100 ဆိုတဲ့ ဂဏန်းတွေ တွေ့ရပါမယ် တဲ့။

မှင်အိုးအထက်မှာ ခပ်ရေးရေးတွေ့ရမှာကတော့ ငှက်တောင်တခုပါ။ ငှက်တောင် ဆိုတာ ကလောင်တံတို့၊ ဘောပင်တို့အစား သုံးခဲ့ဖူးတဲ့ ပစ္စည်းပါပဲ။
အမေရိကန်ခေါင်းဆောင်တွေ လွတ်မြောက်ရေးကြေညာစာတမ်းကို အဲဒါနဲ့ လက်မှတ်ရေးထိုးခဲ့ကြတာပါ။

  • နောက်ဘက်
လေထဲ ထောင်ကြည့်ရင် ဖရန်ကလင်ကို ခပ်ရေးရေး တွေ့မယ်။
မှန်ဘီလူးနဲ့ကြည့်ရင် United States of America, USA 100, ONE HUNDRED USA, 100 ဆိုတာတွေကို ခပ်သေးသေး တွေ့ရမယ်။
စက္ကူမှာ အပြာ၊ အနီစတွေ ထည့်ထားတယ်။
အလွယ်တကူ မြင်သာတဲ့ ရွှေရောင်စာလုံးကြီးနဲ့ 100 ဆိုပြီး ရေးထားသေးတယ်။

ဒီတော့ ... ဒေါ်လာ အတုလုပ်သူတွေ ခေါင်းကိုက်စေမယ့် ငွေစက္ကူသစ် ဖြစ်ပါလိမ့်မယ်။
ဒေါ်လာအတုက တကမ္ဘာလုံးမှာ လုပ်နေကြတာပါ။ မြန်မာပြည်သားတဦးလည်း ဒေါ်လာအတု သံသယနဲ့ ထိုင်းမှာ အဖမ်းခံခဲ့ရဖူးပါတယ်။ ဒီအကြောင်း
http://burma.irrawaddy.org/%E1%81%80_usa/2012/12/24/28903.html မှာ ဖတ်နိုင်ပါတယ်။

ဒေါ်လာအသစ်အကြောင်း ဆက်ရရင် ... ပုံထဲက ပိုက်ဆံမှာ SPECIMEN ဆိုတဲ့ စာလုံးကို ခပ်ရေးရေး ခပ်ကြီးကြီး တွေ့ရမှာပါ။
နမူနာ လို့ အဓိပ္ပာယ်ရတဲ့ အဲဒီစာလုံးကို ငွေစက္ကူမှာ တကယ် ပုံနှိပ်ထားခြင်း ရှိမယ် မဟုတ်ပါ။
 ငွေစက္ကူထွက်ရင် ဒီစာလုံးရိုက်ထည့်ပြီးမိတ်ဆက်လေ့ရှိမယ်လို့ ယူဆရပါတယ်။

No comments: