ဆိုမာလီ ပင်လယ်ဓားပြ ခေါင်းဆောင်ကို ရုပ်ရှင်ရိုက်ကူးမည်ဟု လှည့်ဖြားစည်းရုံးပြီးနောက် ဘယ်လ်ဂျီယံက ဖမ်းဆီးနိုင်ခဲ့ပြီ
ဆိုမာလီ ပင်လယ်ဓားပြခေါင်းဆောင် မိုဟာမက် အဗ္ဗဒီဟက်ဆန်ကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၉ ရက်က ရိုက်ကူးထားသည့် ဓာတ်ပုံ
ဆိုမာလီ ပင်လယ်ဓားပြ ဘ၀ကို မှတ်တမ်းတင် ရုပ်ရှင်ရိုက်ရာတွင် ပါဝင်ရမည်ဟု ကတိပေး စည်းရုံးခဲ့ပြီးနောက် နာမည်ဆိုးဖြင့် ကျော်ကြားသည့် ဆိုမာလီယာ ပင်လယ်ဓားပြ ခေါင်းဆောင်တစ်ဦးကို ဘယ်လ်ဂျီယံက ဖမ်းဆီးရမိခဲ့ကြောင်း အစိုးရ ရှေ့နေများက အောက်တိုဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။ “ပါးစပ်ကြီး” ဟု သိကြသည့် ပင်လယ်ဓားပြခေါင်းဆောင် မိုဟာမက် အဗ္ဗဒီဟက်ဆန်ကို ဘရုဂေးမြို့တွင် ဖမ်းဆီးထားကြောင်း ဘယ်လ်ဂျီယံ အစိုးရရှေ့နေယို ဟန်ဒယ်မူလီက ပြောကြားခဲ့သည်။
ပါးစပ်ကြီးနှင့် “တီဆေး” ဟု ထင်ရှားသည့် သူ၏အပေါင်းအဖော် မိုဟာမက် အေဒင်တို့ကို ပင်လယ်ဓားပြမှု၊ ပြန်ပေးဆွဲမှု၊ ရာဇ၀တ်မှုတို့ဖြင့် တရားစွဲဆိုထားကြောင်း ဘယ်လ်ဂျီယံ အစိုးရရှေ့နေ၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။
၂၀၀၉ ခုနှစ်က ဘယ်လ်ဂျီယံသင်္ဘော “ပွမ်ပီ” ကို ဆိုမာလီ ကမ်းလွန်တွင် ပင်လယ်ဓားပြတို့က ရက် ၇၀ ကျော် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် ယခုတရားစွဲဆိုမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အကျိုးစီးပွား ကြီးမားသည့် ပင်လယ်ဓားပြ အလုပ်ကို ရှစ်နှစ်ကြာ လုပ်ကိုင်ခဲ့ပြီးနောက် မိုဟာမက် အဗ္ဗဒီဟက်ဆန် ဆိုသူ “ပါးစပ်ကြီး” က ပင်လယ်ဓားပြ အလုပ်ကို စွန့်လွှတ်ကြောင်း ဇန်န၀ါရီလတွင် မိုဂါဒစ်ရှုးမြို့တွင် ကြေညာခဲ့သည်။ ထို့နောက် ကျန်ပင်လယ် ဓားပြများကိုလည်း အလားတူ ဆောင်ရွက်ရန် သူကစည်းရုံးခဲ့သည်ဟု မိုဟာမက် အဗ္ဗဒီဟက်ဆန်က ပြောကြားခဲ့သည်။
၂၀၀၈ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း ပင်လယ်ကူး သင်္ဘောများကို ပြန်ပေးဆွဲခဲ့ပြီးနောက် မိုဟာမက် အဗ္ဗဒီဟက်ဆန်သည် ပင်လယ်ဓားပြ စီးပွားရေး၌ အဓိကကျသူတစ်ဦး ဖြစ်လာခဲ့သည်ဟု ကုလသမဂ္ဂ အစီရင်ခံစာ တစ်စောင်က ဆိုသည်။
“ပွမ်ပီ” သင်္ဘောကို အိန္ဒိယ သမုဒ္ဒရာအတွင်း ဆိုမာလီ ကမ်းလွန်မှ မိုင် ၇၀၀ အတွင်း ပင်လယ်ဓားပြများက ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။ ပြန်ပေးငွေကို လေထီးမှတစ်ဆင့် ချပေးခဲ့ပြီးနောက် ဖမ်းဆီးခံထားရသော ဘယ်လ်ဂျီယံ အရာရှိနှစ်ဦးနှင့် ဒတ်ခ်ျကပ္ပတိန်တစ်ဦး အပါအ၀င် သင်္ဘောအမှုထမ်း ကိုးဦးကို ပြန်လွှတ်ပေးခဲ့သည်။ စုံစမ်းစစ်ဆေးမှု တစ်ခုအရ ယင်းပင်လယ်ဓားပြများထဲမှ နှစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ပင်လယ်ဓားပြတစ်ဦးကို ထောင် ၁၀ နှစ်နှင့် ၂၀၁၂ ခုနှစ်တွင် အခြားပင်လယ်ဓားပြ တစ်ဦးကို ထောင်ဒဏ်ကိုးနှစ် ချမှတ်ခဲ့သည်။ သို့သော် ဘယ်လ်ဂျီယံ အစိုးရရှေ့နေရုံးက ပွမ်ပီသင်္ဘော ဖမ်းဆီးမှုအတွက် အဓိကတရားခံကို လက်မလွတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း ရှေ့နေဒယ်မူလီက ပြောကြားခဲ့သည်။
စုံစမ်းစစ်ဆေးမှုများအရ “ပါးစပ်ကြီး” သည် ပွမ်ပီသင်္ဘော ပြန်ပေးဆွဲမှုကို စီစဉ်ဆောင်ရွက်ခဲ့ကြောင်း ဘယ်လ်ဂျီယံ ရဲတပ်ဖွဲ့က သံသယ ရှိခဲ့သည်။
“တီဆေး” ဟု ထင်ရှားသည့် သူ၏အပေါင်းအဖော်မှတစ်ဆင့် “ပါးစပ်ကြီး” ကို ဆက်သွယ်ခဲ့ပြီး ၎င်းတို့နှစ်ဦးအား ပင်လယ်ဓားပြရုပ်ရှင် ရိုက်ကူးရေးအတွက် အကြံပေးနှင့် ကျွမ်းကျင်သူနေရာမှ ပူးပေါင်းဆောင်ရွက်ရန် ကမ်းလှမ်းခဲ့ကြောင်း အစိုးရရှေ့နေ ဒယ်မူလီ၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။ ပါးစပ်ကြီးနှင့် မိုဟာမက်အေဒင်တို့သည် အောက်တိုဘာ ၁၂ ရက်နေ့က ရုပ်ရှင်သဘောတူညီချက် လက်မှတ်ရေးထိုးရန် နိုင်ရိုဘီမှတစ်ဆင့် ဘရပ်ဆဲလ်လေဆိပ်သို့ ရောက်ရှိလာခဲ့ပြီးနောက် ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရခြင်း ဖြစ်သည်။(NEWS:AFP(MWD)
မူရင်းသတင်း
Brussels (AFP) - Belgium has arrested a notorious Somali pirate chief after luring him to Brussels on promises of shooting a documentary movie about his life on the high seas, prosecutors said Monday.
Federal prosecutor Johan Delmulle said Mohamed Abdi Hassan, better known as "Afweyne" or "Big Mouth", was being held in the Belgian city of Bruges after being detained at Brussels airport Saturday when he stepped off a flight from Nairobi.
Afweyne and his powerful accomplice, Mohamed Aden "Tiiceey", the former governor of Somalia's self-proclaimed Himan and Heeb statelet, were facing charges of kidnapping, piracy and organised crime, the prosecutor said in a statement he read to the press in French and Dutch.
The charges followed the 2009 capture of a Belgian ship, the Pompei, seized and held by pirates off the Somali coast for more than 70 days.
Afweyne announced in Mogadishu in January that he was quitting piracy after a highly profitable eight-year career. He said he was working to persuade other pirates to do the same.
A UN report has described him as one of the lynch-pins in the piracy business which made a fortune attacking dozens of merchant vessels between 2008 and 2013.
The Pompei was captured by dozens of pirates 700 miles off Somalia in the Indian Ocean. The nine crew-members, including two Belgian officers and the Dutch captain, were held in gruelling conditions until a ransom was dropped by parachute.
An inquiry led to the arrest and conviction of two of the pirates, one sentenced to 10 years in jail in 2011, the other to nine years in 2012.
But the Belgian prosecutor's office had not let up its determination to bring to book the people "behind this act of piracy, who ordered, financed and organised logistical backup," Delmulle said.
In the case of the Pompei, Belgian police suspected Afweyne of organising and financing the attack after questioning one of the officers and hearing evidence from some of the pirates.
As he was a resident of Somalia and rarely travelled, police "elaborated an infiltration operation aimed at arresting Afweyne outside of Somalia," the prosecutor said.
"The plan was to approach Afweyne through the intermediary of his accomplice named Tiiceey," his statement added.
"Via Tiiceey, Afweyne was asked to collaborate as an advisor and expert on a film project on maritime piracy. The film was supposed to reflect his life as a pirate."
But when Afweyne and Tiiceey landed on Saturday morning to sign the movie contract, "they were awaited and taken into custody," the prosecutor said.
'Notorious and influential' pirate
Described last year by the UN as "one of the most notorious and influential leaders" in Somalia's pirate hub, Afweyne notably was involved in the 2008 capture of the Saudi-owned Sirius Star oil supertanker, released for a ransom of several million dollars.
He also reportedly took part in the 2008 capture of the MV Faina, a Ukrainian transport ship carrying 33 refurbished Soviet-era battle tanks, which was released after a 134-day hijack.
A spokesman for EU foreign policy chief Catherine Ashton welcomed the arrests as a new breakthrough in the fight to stop piracy off the Somali coast.
"While fully respecting the principle of presumption of innocence, we consider that this arrest marks a significant step in the fight against piracy," said spokesman Sebastien Brabant.
"It demonstrates that law enforcement authorities can now track not only the pirates themselves, but also the leaders of these criminal networks, who benefit most from pirate attacks."
The European Union heads the EUNAVFOR Atalanta navy operation against piracy, which has helped stem attacks. There have been no successful captures of ships since May 2012.
The Belgian arrests came as three Somali pirates went on trial in France for the 2009 hijacking of a French yacht.
French troops stormed the sailboat and captured the trio, but also accidentally shot dead the boat's skipper, Florent Lemacon.
As the trial opened in Rennes, the young defendants said they had been driven to piracy by famine and poverty.
AFP

No comments:
Post a Comment