ဗြိတိန်နဲ့ ပြင်သစ် နိုင်ငံကို ခြားထားတဲ့ အင်္ဂလိပ်
ရေလက်ကြားကို အသက် အကြီးဆုံး ရေကူး ဖြတ်ကျော် နိုင်သူအဖြစ် စံချိန် တင်နိုင်ဖို့ သြစတြေးလျ
နိုင်ငံသား အသက် ၇၀ အရွယ် အမျိုးသား တစ်ဦးက ကြိုးပမ်းနေပါတယ်။
ဆစ်ဒနီ မြို့ Bondi Beach မှာ နေထိုင်သူ မစ္စတာ
Cyril Baldock က ဒီည မြန်မာ စံတော်ချိန် ၈ နာရီခွဲ လောက်မှာ စတင် ရေကူးမှာ ဖြစ်ပါတယ်။
ငယ်ရွယ်စဉ်က ရေကြောက်သူ မစ္စတာ Baldock ဟာ ၁၉၈၅
ခုနှစ်တုန်းကလည်း အင်္ဂလိပ် ရေလက်ကြားကို ရေကူး ဖြတ်သန်း ခဲ့ဖူးပါတယ်။
လက်ရှိ အသက်အကြီးဆုံး ဖြတ်ကူးနိုင်သူ အဖြစ် စံချိန်တင်ထားသူက
Guernsey က အငြိမ်းစား ခွဲစိတ်ကု ဆရာဝန် Roger Allsopp ဖြစ်ပြီး အခု စံချိန်တင်ဖို့
ကြိုးစားနေတဲ့ မစ္စတာ Baldock က သူ့ထက် ၄ လ အသက် ပိုကြီးပါတယ်။
(BBC News)
No comments:
Post a Comment