ပို့ဆောင်ရေး ၀န်ကြီးဌာန၊မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်မှ ပြည်တွင်းမှ 
သဘောင်္များကျောက်မချရ နယ်မြေ နှင့် ကျောက်ချရပ်နားရမည့်နေရာများ ကို 
ဇူလိုင်လ ၂၉ရက်နေ့က ရေကြောင်း သတိပေးချက် ထုတ်ပြန်ထား ကြောင်း 
သိရသည်။အဆိုပါ ရေကြောင်းသတိ ပေးချက်အရ ရန်ကုန်မြစ်ကြောင်း 
ဒလဆိပ်ကမ်းနှင့်ကမာကဆစ်ရှိ ရေလယ်အမှတ် ၂ 
ဗော်ယာနှင့်အမှတ် ၆ ဗော်ယာအနီးမှာ နိုင်ငံခြား သင်္ဘော ကြီးများလှည့်ခြင်း 
ကျောက်ချရပ်နား ခြင်း ဆောင်ရွက်ရန်နေရာများ ဖြစ် နေသည့်အတွက် 
ပြည်တွင်းမှငါးဖမ်း ရေယာဉ်များ၊ တွဲဆွဲရေယာဉ်များနှင့် ကုန်တင်ရေယာဉ်များ 
ကျောက်ချရပ် နားခြင်း မပြုရန် တားမြစ်ထားခြင်းဖြစ် ကြောင်းသိရသည်။ 
ပြည်တွင်းမှ ရေယာဉ်များ ကျောက်ချရပ်နား လို ပါက ဒလကမ်းခြေရှိ သမ္မတကမ်းခြေ 
အနီးမှာသာ ကျောက်ချရန် ရေကြောင်း သတိပေးချက်ထုတ်ပြန်ထားခြင်း ဖြစ်သည်။ 
ထိုကဲ့သို့ သတ်မှတ်ထားသည့် နေရာများမှာ ကျောက်ချရပ်နားခြင်း မပြုလုပ်ဘဲ 
အထက်ပါ နေရာများတွင် ကျောက်ချရပ်နားပါက ထိရောက်စွာ 
အရေးယူသွားမည်ဖြစ်သည်။ထိုကဲ့ သို့ပြုလုပ်ရခြင်းမှာ အဆိုပါ ကမာက ဆက်ရှိ 
ရေလယ်အမှတ် ၂ဗော်ယာ နှင့် အမှတ် ၆ဗော်ယာအနီးဝန်းကျင် မှာ 
နိုင်ငံခြားသင်္ဘောကြီးမျာ ပတ်တဲ့အခါ မလွတ်ကင်းသည့်အတွက် နေရာ ပြောင်းရွှေ့ 
သတ်မှတ်ပေးရခြင်းဖြစ် ကြောင်း သိရသည်။
 ဇာညီသစ္စာ
 ပို့ဆောင်ရေးဂျာနယ်
 
No comments:
Post a Comment