Thursday, 31 October 2013

ရခိုင်တိုင်းရင်းသားဦးစံထွန်းလှ

အဏ္ဏ၀ါရဲ့ပင်လယ်ပျော်ရွှေ
 တွေထဲမှာဘိုးအေကြီးလို့ပြောရတဲ့သူဆိုချင်ပါတယ်
ဘာဖြစ်လိုလဲဆိုတော့သူ့အသက်က

၆၂နှစ်ပါယခုလက်ရှိအလုပ်လုပ် နေဆဲပါ
သက်တန်းကြီးသူပီပီအတွေ
အကြုံတွေကလည်းမနည်းပေ။
သူရဲ့အသက်နဲ့ရင်းခဲ့ရတဲ့အတွေအကြုံကတော့
 OceanCoralမှာပေါ့ကုန်ပတ်ပေါ်မှာ
ဂဟေဆော်နေစဉ်သင်္ဘောပေါက်ကွဲမီးလောင်တာပါ
သူကသင်္ဘောဘယ်ဖက်အခြမ်းမှာအလုပ်လုပ်နေစဉ်ညာဘက်ကtanksကိုမီးကူးပြီးပေါက်ကွဲ
လောင်တာပါ Back Fireဖြစ်တယ်လို့ခေါ်ပါတယ်' အုံး'ဆိုတဲ့အသံနဲ့အတူမီးခိုးလုံးနဲ့မီးအရှိန်
ကသူနေတဲ့ဘက်ကိုဖြတ်သွားတာမိုကိုယ်တခြမ်းမီးဟတ်လောင်ကျွှမ်းခံရတာပါ သူလုပ်နေတဲ့နေရာ
ကများပေါက်ကွဲမီလောင်ခဲ့ယင်မတွေးရဲစရာပါမီးလောင်ဒဏ်ရာကြောင့်တသက်စာအမှတ်အသား
စွန်းကျန်ခဲ့တယ်သေကံမရောက်ကံကောင်းခဲ့ရတာပါ။
အရင်ကသူထက်၃နှစ်ကြီးသူဦးငွေသိန်းကတော့တခြားလိုင်း
ပြောင်းလုပ်နေပါတာအတော်ကြာနေပြီ။ရခိုင်တိုင်းရင်းသားဘိုးအေကြီးဦးစံထွန်းလှကို
ပင်လယ်ပျော်ကနေပြီးမှတ်တန်းပြုဖေါ်ပြပေလိုက်ပါတယ်
Name  :U San Tun Hla
Id       :BUR 00214
Date Of Birth :01.09.1952
Rank   :FITTR

Wednesday, 30 October 2013

အသံမမြည်တော့သည့်ခေါင်းလောင်း

ခေါင်းလောင်သံအကြောင်းပြောယင်တွံတေးသိန်တန်ကိုသတိယမိတယ်
ငယ်ငယ်တုန်းကကျောင်းတက်၊ကျောင်းဆင်းမုန့်စားချိန်တွေမှာ
ခေါင်းလောင်းသံနဲ့ကျောင်းအုပ်ဆရာကြီးကအချက်ပေးပါတယ်
ဒါကြောင့်မို'ဆ'ဆရာကြီးခေါင်လောင်းတီးဆိုခဲ့ကြလေရော့လားပဲ
ယခုအခါမှာတော့လျှပ်စစ်ခေါင်းလောင်းကိုသုံးကြနေပါပြီ
ဒီလိုပါပဲပင်လယ်ပျော်တို့သင်္ဘောပေါ်မှာလည်းခေါင်းလောင်းကိုသင်္ဘောဦးပိုင်းနဲ့ပဲ့ပိုင်မှာ
တပ်ထားပါတယ်ဟိုးအရင်းတုန်းကတော့ကျောက်မတင်၊ချတာတွေသင်္ဘောကပ်ခွာတာတွေကိုလုပ်တဲ့အခါ
အဲဒီခေါင်းလောင်းနဲ့အသံပေးအချက်ပြပါတယ်

ယခုအခါစကားပြောစက်တွေပေါ်လာတာမို့ခေါင်းလောင်းတွေ
တပ်ဆင်ထားပါသော်လည်းလုံးဝအသုံးမပြုကြတာမို့အသံမမည်တော့တဲ့ခေါင်းလောင်းလို့ဆိုလိုက်တာပါ


Tuesday, 29 October 2013

Magic Hill ဆိုတာ Magnetic Hill လိုလဲခေါ်ပါတယ်


Magic Hill ဆိုတာ Magnetic Hill လိုလဲခေါ်ပါတယ် --------------------------------------------------- သူက Gravity Hill တစ်ခုပါ။ သူရဲ့ မြေအနေအထားဟာ အမြင်ပိုင်းဆိုင်ရာ ထင်ယောင်ထင်မှားဖြစ်နိုင်ဖွယ်ရှိတဲ့ အနိမ့်အလျှောများနဲ့ အမြင့်ပိုင်းများ ရှိနေတယ်လို့ဆိုထားပါတယ်။ နေပြည်တော်ပုဗ္မသီရီမြို့ နယ် အောင်သီရိကျေးရွာအနီး သတ္တသတ္တာဟ အကျော် ၆ဖာလုံနားမှာ ထူးခြားတဲ့ဆွဲငင်အားကြောင့် မော်တော်ကားများ၊ ဆိုင်ကယ်များ၊ သုံးဘီးဆိုင်ကယ်များဟာ ကုန်းဆင်း ဖြစ်သော်လည်း (ဂီယာဖရီးထားထားတဲ့ ယာဉ်များဟာ) ရှေ့ကို လိမ့်မဆင်းပဲ နောက်ပြန်တက်ခြင်း၊ အထက်သို့ ဆန်တက်ခြင်း ဖြစ်နေတာကို တွေ့ရှိရပြီး ပျဉ်းမနားမြို့ အနီးတ၀ိုက်ကနေ လာရောက်စမ်းကြည့်ရှုသူများလဲ ရှိနေပါတယ်။ (ထူးခြားတဲ့ဆွဲငင်အားကြောင့်လို့ဆိုထားတယ်ဗျ) နေပြည်တော်-တပ်ကုန်း အမှတ်(၁)လမ်းမကြီးပေါ် မိုင်တိုင်အမှတ် ၆မိုင် ၅ဖာလုံက ဆင်ခြေလျှောကုန်းဆင်းမှာ အံ့သြဘွယ် ဆွဲငင်အား ရှိနေကြောင်း ကို မေလ ၂၄ ရက်နေ့ထုတ် ကြေးမုံသတင်းစာ ရှေ့မျက်နှာဖုံး ခေါင်းကြီး သတင်းမှာ ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။ အဲဒီ့လို ဆွဲငင်အား ဓါတ်သက်ရောက်မှုဖြစ်ပေါ်နေတဲ့ Magic Hill ကုန်းများကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အနီး၊ ကနေဒါနဲ့ အိုင်ယာလန်နိုင်ငံ၊ကိုရီးယားနိုင်ငံတွေမှာလည်း တွေ့ရှိရပါတယ်။

Saturday, 26 October 2013

ရန်ကုန်မြစ်-ပန်းလှိုင်မြစ်- လှိုင်မြစ်နှင့် ပဲခူးမြစ်အတွင်း အဆင့်မြင့် စပိဘုတ်ရှပ်ပြေး အမြန်ရေယာဉ် ခရီးစဉ် တိုးချဲ့ပြေးဆွဲပေးမည်


ရန်ကုန်တိုင်း ဒေသကြီး အတွင်း ခရိုင်နှင့်မြို့နယ်များ အသီးသီးရှိ ပန်းလှိုင်မြစ်-လှိုင်မြစ်နှင့် ပဲခူးမြစ် တစ်လျှောက်နေ ပြည်သူများ လမ်းပန်း ဆက်သွယ်မှု လွယ်ကူချောမွေ့စေရေး အတွက် မော်တော်ယာဉ် များဖြင့် နေ့စဉ် အလုံ- လမ်းမတော်- လသာ- ပန်းဘဲတန်း- ကျောက်တံတား- ပုဇွန်တောင်- ဗိုလ်တထောင်မြို့နယ်များ ဖြစ်သော စီးပွားရေး အထူး ဇုန်(၁)သို့ ဘေးကင်းလုံခြုံ အချိန်မှန် ရောက်ရှိရေး ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းများကို ဌာနဆိုင်ရာများနှင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး တို့၏ အနီးကပ် စီမံ ကွပ်ကဲမှု နှင့်အတူ ဘတ်စကားများ- မြို့ပတ်မီးရထားများ မြစ်တွင်းသွား ရေယာဉ်များ တိုးချဲ့ ပြေးဆွဲလျက် ရှိသည်။ ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုများကို လျော့ပါး သွားအောင် ဆောင်ရွက်ရာတွင် အသင်းအဖွဲ့ကုမ္ပဏီ လူမှုရေး အဖွဲ့အစည်းများနှင့် အလင်းသစ် စပိဘုတ် ရှပ်ပြေး အမြန်ရေယာဉ် လိုင်းသစ်(ရန်ကုန်) ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များ ပူးပေါင်းလျက် ခေတ်မီ အဆင့်မြင့် စပိဘုတ် ရှပ်ပြေး အမြန်ရေယာဉ် အသစ်ကြီးများကို ပြည်ပမှ တင်သွင်း၍ ရန်ကုန်မြစ် အတွင်း ရေကြောင်းခရီး သွားလာမှု ဖွံ့ဖြိုးတိုးတက် စေရေးနှင့် ရန်ကုန်မြို့အတွင်း ယာဉ်ကြောပိတ်ဆို့မှု လျော့ပါးရေး အထောက်အကူပြု ပြေးဆွဲ ပေးသွားမည်ဖြစ်သည်။ ၎င်းအဆင့်မြင့် စပိဘုတ်ရှပ်ပြေး အမြန်ရေယာဉ်များသည် ဂျပန် နိုင်ငံထုတ် သင်္ဘောသစ်များ ဖြစ်ပြီး ကမ္ဘာ့ ပင်လယ်ပြင်နှင့် ဂျပန် ပင်လယ်ပြင် မုန်တိုင်း မိုးသက်ကင်းစင် ကာလ ၂ဝ၁၄ ခုနှစ် ဧပြီလကုန် ရောက်ရှိ ပြေးဆွဲပေးနိုင်မည် ဖြစ်ကြောင်း ဥက္ကဋ္ဌ ဦးတာနိုင် (ဇွန် မောင်မောင်) က ပြောပြသည်။

အဆင့်မြင့် စပိဘုတ် ရှပ်ပြေး အမြန်ရေယာဉ် ပြေးဆွဲမည်လမ်း ကြောင်းများမှာ လှိုင်သာယာ-အဏ္ဏဝါ ငါးအအေးခန်း စက်ရုံဆိပ်ကမ်းမှ ဘုရင့်နောင်ဈေး ဆိပ်ကမ်းအထိ လည်းကောင်း၊ ဘုရင့်နောင် ဈေးဆိပ်ကမ်းမှ ဆင်မလိုက် သင်္ဘောကျင်း ဆိပ်ကမ်းအထိ လည်းကောင်း၊ ဆင်မလိုက် သဘောင်္ကျင်း ဆိပ်ကမ်းမှ ကြည့်မြင်တိုင် ငါးဈေးကြီး ဆိပ်ကမ်းအထိ လည်းကောင်း၊ ကြည့်မြင်တိုင် ငါးဈေးကြီး ဆိပ်ကမ်း မှ ဗားကရား ဆိပ်ကမ်းအထိ လည်း ကောင်း၊ ဗားကရား ဆိပ်ကမ်းမှ အလုံသင်္ဘောကျင်း ဆိပ်ကမ်းအထိ လည်းကောင်း၊ အလုံသင်္ဘောကျင်း ဆိပ်ကမ်းမှ ဝါးတန်း ဆိပ်ကမ်းအထိ လည်းကောင်း၊ ဝါးတန်း ဆိပ်ကမ်းမှ ကျန်းမာရေး ဆိပ်ကမ်း တံတားအထိ လည်းကောင်း၊ ကျန်းမာရေး ဆိပ်ကမ်း တံတားမှ ဗိုလ်တ ထောင်တံတား အမှတ်(၃)အထိ လည်းကောင်း၊ ဗိုလ်တထောင် တံတား အမှတ်(၃)မှ ပုဇွန်တောင် ငါးဈေးဆိပ်ကမ်း (ယခင်-သီတာ သင်္ဘောဆိပ်) အထိ လည်းကောင်း၊ ပုဇွန်တောင်ငါးဈေး ဆိပ်ကမ်း (ယခင်- သီတာ သင်္ဘောဆိပ်)မှ ယုဇန သင်္ဘောကျင်း ဆိပ်ကမ်းအထိ ခရီးသည် တစ်ဦးလျှင် ၁ဝဝ ကျပ်နှင့် ကလေးတစ်ဦးလျှင် ၅ဝ ကျပ်ဖြင့် ပြေးဆွဲမည်ဖြစ်ပြီး လှိုင်သာယာ အဏ္ဏဝါ ငါးအအေးခန်း စက်ရုံဆိပ်ကမ်းမှ ယုဇန သင်္ဘောကျင်းဆိပ် ကမ်းအထိ ခရီးသည် တစ်ဦးလျှင် ၁ဝဝဝ ကျပ်နှင့် ကလေးတစ်ဦး လျှင် ၅ဝဝ ကျပ်ဖြင့် ပြေးဆွဲမည်ဖြစ် ကြောင်း သိရသည်။(MWD)
Built at Incat's shipyards in Hobart, Tasmania, this is the world's fastest ship. With a cargo of over 1,000 passengers and 150 cars, the 99-meter catamaran can travel at speeds of up to 58 knots or 107 km per hour. Its new owner, Buquebus Ferries, has named it 'Francisco' in honour of Argentinean-born Pope Francis

Friday, 25 October 2013

STCW 2010 Minila Amentmends သဘောတူညီချက် ENGINE DEPARTMENT(ဓါတ်ပုံ)

STCW 2010 Minila Amentmends သဘောတူညီချက် ENGINE DEPARTMENT

DECK DEPARTMENTဒီမှာကြည့်ပါ






DECK DEPARTMENTဒီမှာပါ

STCW 2010 Minila Amentmends သဘောတူညီချက် DECK DEPARTMENT(ဓါတ်ပုံ)

Master and Deck department 


ENGINE DEPARTMENTဒီမှာကြည့်ပါ








ENGINE DEPARTMENTဒီမှာကြည့်ပါ

တစ်ချိန်ကအားကစားသတင်းပုံရိပ်များ(ဓါတ်ပုံ)

၁၉၆၉ ခုနှစ် ဒီဇင်ဘာလက ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်သော ၅ ကြိမ်မြောက် အရှေ့တောင်အာရှ ကျွန်းဆွယ်အားကစားပြိုင်ပွဲ ဖွင့်ပွဲနေ့ သက်ဆိုင်ရာနိုင်ငံအမည်ပါ စာတမ်းများကို ကိုင်ဆောင်ကြမည့် တက္ကသိုလ်ကျောင်းသူများ
ဝဲ မှ ယာ - (-----)၊ ခင်နွယ်အေး၊ နန်းကေစီ၊ ရှားလက်ချို၊ စ၀်ထာနီ၊ ကြည်ကြည်ဟန်


၁၉၆၆ ခုနှစ် ဒီဇင်ဘာလအတွင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ပြုလုပ်မည့် ပဉ္စမအကြိမ်မြောက် အာရှအိုလံပစ် အားကစားပြိုင်ပွဲသို့ သွားရောက်မည့် မြန်မာ့ရေကူးလက်ရွေးစင်အဖွဲ့ မ - မြမြ၀င်း၊ ပေါ်လီဘစန်း၊ မေရီစိုး။ ကျား - အုန်းသွင်၊ မောင်လှိုင်၊ အောင်လှိုင်ဝင်း၊ နန္ဒကျော်စွာ (ရှေ့တန်း ယာ- ဒု)၊ မောင်ကြည်။ (ယခု ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ ဦးနန္ဒကျော်စွာ)


၁၉၇၀ ခုနှစ် ဒီဇင်ဘာလတွင် အောင်ဆန်းအားကစားကွင်းတွင် ကျင်းပသော ကျောင်းသားလူငယ်ပွဲတော် ဖွင့်ပွဲအခမ်းအနား။ အဲဒီနေ့က အောင်ဆန်းကွင်းသို့ ၀င်ခွင့်လက်မှတ် ၀ယ်လို့မရသဖြင့် ကျောင်းသားလူငယ်များ ဆူပူဖြစ်ပြီး ပြည်သူ့မုန့်တိုက်ကို ခဲဖြင့်ဝိုင်းပေါက်ကြတယ်။ ထိုနှစ်ကတည်းကစ၍ ကျောင်းသားလူငယ်ပွဲတော်ကို ရပ်ဆိုင်းလိုက်တယ်။

 
 
Charlotte Cho - ငါးကြိမ်မြောက် အရှေ့တောင်အာရှ ကျွန်းဆွယ်အားကစားပြိုင်ပွဲ မှာ မလေးရှားနိုင်ငံ စာတမ်းအမည်ကိုင်ဆောင်သည့် မရှားလက်ချို
Credited to: Charlotte Cho (FB)

 
 
၁၉၆၉ ခုနှစ် ၅ ကြိမ်မြောက် အရှေ့တောင်အာရှ ကျွန်းဆွယ်အားကစားပြိုင်ပွဲ ဖွင့်ပွဲနေ့က သက်ဆိုင်ရာနိုင်ငံများ၏ အမည်စာတမ်းကိုင် တက္ကသိုလ်ကျောင်းသူများ၏ ဓါတ်ပုံဖြင့် ဖေါ်ပြခဲ့တဲ့ ၁၉၇၀ ခုနှစ် ဇန်န၀ါရီလထုတ် မြ၀တီမဂ္ဂဇင်း မျက်နှာဖုံး
Credited to: Charlotte Cho (FB) နှင့် နှင့် မြန်မာကျူးပစ်ဖိုရမ်မှ Ko Jim (1972 ခုနှစ် ရူပဗေဒဘွဲ့ရ)

 

မြန်မာ့ဂုဏ်ဆောင် အပြေးမယ် ဂရေစီကား။ တခေတ်တခါက နာမည်ကြီးပေါ့


့မြန်မာ့လက်ရွေးစင် မာရသွန်အပြေးသမား နာမည်ကြီး မီတုန်နော် (ကချင်အမျိုးသား)။ နောက် ကချင်အမျိုးသား မာရသွန်အပြေးသမားတဦးက - ရှင်ဗွေဂန်း


အလေးချန်ပီယံ ဗိုလ်ကြီးထွန်းမောင်။ နောက် နာမည်ကြီး ရွှေတံဆိပ်ဆုရှင် မြန်မာ့လက်ရွေးစင် အလေးသမားတဦးကတော့ အောင်ကြီး


အလေးသမား ချူးကီး


မြန်မာ့လက်ရွေးစင် ပြေးခုန်ပစ်မယ် ခင်ခင်ထွေး (ရွှေတံဆိပ်ဆုရှင်)


မြန်မာ့လက်ရွေးစင် သံပြားပစ်ချန်ပီယံ မခင်ဌေး




ဓါတ်ပုံမြဝတီ

ဖရုံသီးကို လှေလုပ်စီးပြသူ

Dimitri Galitzine ဆိုသူသည် ဖရုံသီးထဲဝင်ပြီး လှေလှော်ခတ်နိုင်ခဲ့ဆိုတဲ့ သတင်းကို မြန်မာ့ရုပ်/သံက တင်ဆက် သွားပါတယ်။  



အင်္ဂလန်နိုင်ငံမှာ ဖန်တီးရှင် Dimitri Galitzine ဆိုသူက သာမာန်ထက်ကြီးတဲ့ ဖရုံသီးထဲကို ၀င်ပြီး (၂)မိနစ် အတွင်း မီတာ (၁၀၀)ကို အမြန်ဆုံး လှော်ခတ်နိုင်ခဲ့တဲ့အတွက် ကမ္ဘာ့မှတ်တမ်း ၀င်ခဲ့ပါတယ်။ 
သတင်းMRTV

Wednesday, 23 October 2013

ရေငုပ်သင်္ဘော တည်ဆောက်ခဲ့သည့် အမေရိကန် ဆယ်ကျော်သက်လူငယ်


Justin Beckerman လို့ အမည်ရတဲ့ အမေရိကန်နိုင်ငံ၊ နူးဂျာစီပြည်နယ်မှ အသက် ၁၈ နှစ်အရွယ် အထက်တန်း ကျောင်းသာတစ်ဦးဟာ အနက်ပေ ၃၀ တွင် ခုတ်မောင်းနိုင်သည့် ရေငုပ်သင်္ဘောတစ်စင်းအား အောင်မြင်စွာ တီထွင်နိုင်ခဲ့ပါတယ်။

ထူးခြားလှတဲ့ ဤတီထွင်မှုဟာ ချက်ခြင်းဆိုသလို ပြန်နှံ့သွားခဲ့ပြီး နိုင်ငံတကာ သတင်းဌာနများက Justin အား ခေတ်သစ်ရဲ့ သော်မတ်စ်အက်ဒီဆင်လို့တောင် တင်စားခေါ်ဝေါ နေကြပြီဖြစ်ပါတယ်။

ယင်းအနေနဲ့ အဆိုပါ ရေငုပ်သင်္ဘောအား ရေပိုက်များတွင် အသုံးပြုသည့် ပလတ်စတတ်သားဖြင့် 

ဖန်တီးခဲ့ခြင်းဖြစ်သည်။ ယင်းအနေဖြင့် ငယ်စဉ်ဘဝကတည်းက အီလက်ထရောနစ်ပစ္စည်းများ စုဆောင်းခြင်းကို ဝါသနာပါသူဟု သိရှိရသည်။ ယင်း၏ ရေငုပ်သင်္ဘောအတွက် လိုအပ်သည့် စက်ကရိယာများနှင့် အီလက်ထရောနစ် ပစ္စည်းများကို ယင်း၏နေအိမ် ဂိုထောင်အတွင်းမှ ရှိပြီးသား ပစ္စည်းများကို အသုံးချခဲ့ခြင်းဖြစ်သည်။

ဤရေငုပ်သင်္ဘော တည်ဆောက်မှု၏ စုစုပေါင်း ကုန်ကျစရိတ်မှာ မယုံကြည်နိုင်ဖွယ်ရာ ဒေါ်လာ ၁ ထောင်သာ ဖြစ်သည်ဟု သိရှိရသည်။

Justin သည် ကလေးဘဝကပင် အင်ဂျင်နီယာ နည်းပညာနှင့် တီထွင်ဖန်တီးမှုတို့ကို လွန်စွာစိတ်ဝင်စားသူဖြစ်ကြောင်း ယင်းအနေဖြင့် ဖုန်စုပ်စက်များ ၊ ဂျက်အင်ဂျင် အသေးစားများ ၊ ဒီဗီဒီ ကြည့်ရှုနိုင်သည့် စက်များကို တည်ထွင်ခဲ့ဖူးကြောင်း သိရှိရသည်။

Myanmar Consumer Guide

Thursday, 17 October 2013

အဏ္ဏ၀ါရဲ့ ဒုတိယသုံးလပတ်ရာထူးတိုးစာရင်းနှင့်အလုပ်ဖြုတ်စာရင်းပါ"ဓါတ်ပုံ"

အဏ္ဏ၀ါရဲ့ ဒုတိယသုံးလပတ်ရာထူးတိုးစာရင်းနှင့်အလုပ်ဖြုတ်စာရင်းပါ
မြန်မာတွေရာထူးတိုးရှိသလို၊စက်နှစ်(2/E) နဲ့ က-ခ (A/B) တို့တော့အလုပ်ထုတ်ခံရတယ်
ကိုယ့်သူငယ်းချင်းပါသလားကြည့်လိုက်ပြီ share,Like နော်-

 အလုပ်ဖြုတ်စာရင်း




Wednesday, 16 October 2013

ဆိုမာလီ ပင်လယ်ဓားပြ ခေါင်းဆောင်ကို ဖမ်းဆီးနိုင်ခဲ့ပြီ

ဆိုမာလီ ပင်လယ်ဓားပြ ခေါင်းဆောင်ကို ရုပ်ရှင်ရိုက်ကူးမည်ဟု လှည့်ဖြားစည်းရုံးပြီးနောက် ဘယ်လ်ဂျီယံက ဖမ်းဆီးနိုင်ခဲ့ပြီ
ဆိုမာလီ ပင်လယ်ဓားပြခေါင်းဆောင် မိုဟာမက် အဗ္ဗဒီဟက်ဆန်ကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၉ ရက်က ရိုက်ကူးထားသည့် ဓာတ်ပုံ

ဆိုမာလီ ပင်လယ်ဓားပြ ဘ၀ကို မှတ်တမ်းတင် ရုပ်ရှင်ရိုက်ရာတွင် ပါဝင်ရမည်ဟု ကတိပေး စည်းရုံးခဲ့ပြီးနောက် နာမည်ဆိုးဖြင့် ကျော်ကြားသည့် ဆိုမာလီယာ ပင်လယ်ဓားပြ ခေါင်းဆောင်တစ်ဦးကို ဘယ်လ်ဂျီယံက ဖမ်းဆီးရမိခဲ့ကြောင်း အစိုးရ ရှေ့နေများက အောက်တိုဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။ “ပါးစပ်ကြီး” ဟု သိကြသည့် ပင်လယ်ဓားပြခေါင်းဆောင် မိုဟာမက် အဗ္ဗဒီဟက်ဆန်ကို ဘရုဂေးမြို့တွင် ဖမ်းဆီးထားကြောင်း ဘယ်လ်ဂျီယံ အစိုးရရှေ့နေယို ဟန်ဒယ်မူလီက ပြောကြားခဲ့သည်။
ပါးစပ်ကြီးနှင့် “တီဆေး” ဟု ထင်ရှားသည့် သူ၏အပေါင်းအဖော် မိုဟာမက် အေဒင်တို့ကို ပင်လယ်ဓားပြမှု၊ ပြန်ပေးဆွဲမှု၊ ရာဇ၀တ်မှုတို့ဖြင့် တရားစွဲဆိုထားကြောင်း ဘယ်လ်ဂျီယံ အစိုးရရှေ့နေ၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။
၂၀၀၉ ခုနှစ်က ဘယ်လ်ဂျီယံသင်္ဘော “ပွမ်ပီ” ကို ဆိုမာလီ ကမ်းလွန်တွင် ပင်လယ်ဓားပြတို့က ရက် ၇၀ ကျော် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် ယခုတရားစွဲဆိုမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အကျိုးစီးပွား ကြီးမားသည့် ပင်လယ်ဓားပြ အလုပ်ကို ရှစ်နှစ်ကြာ လုပ်ကိုင်ခဲ့ပြီးနောက် မိုဟာမက် အဗ္ဗဒီဟက်ဆန် ဆိုသူ “ပါးစပ်ကြီး” က ပင်လယ်ဓားပြ အလုပ်ကို စွန့်လွှတ်ကြောင်း ဇန်န၀ါရီလတွင် မိုဂါဒစ်ရှုးမြို့တွင် ကြေညာခဲ့သည်။ ထို့နောက် ကျန်ပင်လယ် ဓားပြများကိုလည်း အလားတူ ဆောင်ရွက်ရန် သူကစည်းရုံးခဲ့သည်ဟု မိုဟာမက် အဗ္ဗဒီဟက်ဆန်က ပြောကြားခဲ့သည်။
၂၀၀၈ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း ပင်လယ်ကူး သင်္ဘောများကို ပြန်ပေးဆွဲခဲ့ပြီးနောက် မိုဟာမက် အဗ္ဗဒီဟက်ဆန်သည် ပင်လယ်ဓားပြ စီးပွားရေး၌ အဓိကကျသူတစ်ဦး ဖြစ်လာခဲ့သည်ဟု ကုလသမဂ္ဂ အစီရင်ခံစာ တစ်စောင်က ဆိုသည်။
“ပွမ်ပီ” သင်္ဘောကို အိန္ဒိယ သမုဒ္ဒရာအတွင်း ဆိုမာလီ ကမ်းလွန်မှ မိုင် ၇၀၀ အတွင်း ပင်လယ်ဓားပြများက ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။ ပြန်ပေးငွေကို လေထီးမှတစ်ဆင့် ချပေးခဲ့ပြီးနောက် ဖမ်းဆီးခံထားရသော ဘယ်လ်ဂျီယံ အရာရှိနှစ်ဦးနှင့် ဒတ်ခ်ျကပ္ပတိန်တစ်ဦး အပါအ၀င် သင်္ဘောအမှုထမ်း ကိုးဦးကို ပြန်လွှတ်ပေးခဲ့သည်။ စုံစမ်းစစ်ဆေးမှု တစ်ခုအရ ယင်းပင်လယ်ဓားပြများထဲမှ နှစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ပင်လယ်ဓားပြတစ်ဦးကို ထောင် ၁၀ နှစ်နှင့် ၂၀၁၂ ခုနှစ်တွင် အခြားပင်လယ်ဓားပြ တစ်ဦးကို ထောင်ဒဏ်ကိုးနှစ် ချမှတ်ခဲ့သည်။ သို့သော် ဘယ်လ်ဂျီယံ အစိုးရရှေ့နေရုံးက ပွမ်ပီသင်္ဘော ဖမ်းဆီးမှုအတွက် အဓိကတရားခံကို လက်မလွတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း ရှေ့နေဒယ်မူလီက ပြောကြားခဲ့သည်။
စုံစမ်းစစ်ဆေးမှုများအရ “ပါးစပ်ကြီး” သည် ပွမ်ပီသင်္ဘော ပြန်ပေးဆွဲမှုကို စီစဉ်ဆောင်ရွက်ခဲ့ကြောင်း ဘယ်လ်ဂျီယံ ရဲတပ်ဖွဲ့က သံသယ ရှိခဲ့သည်။
“တီဆေး” ဟု ထင်ရှားသည့် သူ၏အပေါင်းအဖော်မှတစ်ဆင့် “ပါးစပ်ကြီး” ကို ဆက်သွယ်ခဲ့ပြီး ၎င်းတို့နှစ်ဦးအား ပင်လယ်ဓားပြရုပ်ရှင် ရိုက်ကူးရေးအတွက် အကြံပေးနှင့် ကျွမ်းကျင်သူနေရာမှ ပူးပေါင်းဆောင်ရွက်ရန် ကမ်းလှမ်းခဲ့ကြောင်း အစိုးရရှေ့နေ ဒယ်မူလီ၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။ ပါးစပ်ကြီးနှင့် မိုဟာမက်အေဒင်တို့သည် အောက်တိုဘာ ၁၂ ရက်နေ့က ရုပ်ရှင်သဘောတူညီချက် လက်မှတ်ရေးထိုးရန် နိုင်ရိုဘီမှတစ်ဆင့် ဘရပ်ဆဲလ်လေဆိပ်သို့ ရောက်ရှိလာခဲ့ပြီးနောက် ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရခြင်း ဖြစ်သည်။(NEWS:AFP(MWD)

 မူရင်းသတင်း

Brussels (AFP) - Belgium has arrested a notorious Somali pirate chief after luring him to Brussels on promises of shooting a documentary movie about his life on the high seas, prosecutors said Monday.
Federal prosecutor Johan Delmulle said Mohamed Abdi Hassan, better known as "Afweyne" or "Big Mouth", was being held in the Belgian city of Bruges after being detained at Brussels airport Saturday when he stepped off a flight from Nairobi.
Afweyne and his powerful accomplice, Mohamed Aden "Tiiceey", the former governor of Somalia's self-proclaimed Himan and Heeb statelet, were facing charges of kidnapping, piracy and organised crime, the prosecutor said in a statement he read to the press in French and Dutch.
The charges followed the 2009 capture of a Belgian ship, the Pompei, seized and held by pirates off the Somali coast for more than 70 days.
Afweyne announced in Mogadishu in January that he was quitting piracy after a highly profitable eight-year career. He said he was working to persuade other pirates to do the same.
A UN report has described him as one of the lynch-pins in the piracy business which made a fortune attacking dozens of merchant vessels between 2008 and 2013.
The Pompei was captured by dozens of pirates 700 miles off Somalia in the Indian Ocean. The nine crew-members, including two Belgian officers and the Dutch captain, were held in gruelling conditions until a ransom was dropped by parachute.
An inquiry led to the arrest and conviction of two of the pirates, one sentenced to 10 years in jail in 2011, the other to nine years in 2012.
But the Belgian prosecutor's office had not let up its determination to bring to book the people "behind this act of piracy, who ordered, financed and organised logistical backup," Delmulle said.
In the case of the Pompei, Belgian police suspected Afweyne of organising and financing the attack after questioning one of the officers and hearing evidence from some of the pirates.
As he was a resident of Somalia and rarely travelled, police "elaborated an infiltration operation aimed at arresting Afweyne outside of Somalia," the prosecutor said.
"The plan was to approach Afweyne through the intermediary of his accomplice named Tiiceey," his statement added.
"Via Tiiceey, Afweyne was asked to collaborate as an advisor and expert on a film project on maritime piracy. The film was supposed to reflect his life as a pirate."
But when Afweyne and Tiiceey landed on Saturday morning to sign the movie contract, "they were awaited and taken into custody," the prosecutor said.
'Notorious and influential' pirate
Described last year by the UN as "one of the most notorious and influential leaders" in Somalia's pirate hub, Afweyne notably was involved in the 2008 capture of the Saudi-owned Sirius Star oil supertanker, released for a ransom of several million dollars.
He also reportedly took part in the 2008 capture of the MV Faina, a Ukrainian transport ship carrying 33 refurbished Soviet-era battle tanks, which was released after a 134-day hijack.
A spokesman for EU foreign policy chief Catherine Ashton welcomed the arrests as a new breakthrough in the fight to stop piracy off the Somali coast.
"While fully respecting the principle of presumption of innocence, we consider that this arrest marks a significant step in the fight against piracy," said spokesman Sebastien Brabant.
"It demonstrates that law enforcement authorities can now track not only the pirates themselves, but also the leaders of these criminal networks, who benefit most from pirate attacks."
The European Union heads the EUNAVFOR Atalanta navy operation against piracy, which has helped stem attacks. There have been no successful captures of ships since May 2012.
The Belgian arrests came as three Somali pirates went on trial in France for the 2009 hijacking of a French yacht.
French troops stormed the sailboat and captured the trio, but also accidentally shot dead the boat's skipper, Florent Lemacon.
As the trial opened in Rennes, the young defendants said they had been driven to piracy by famine and poverty.
AFP


Tuesday, 15 October 2013

သီတင်းကျွတ် ဆီးမီးထွန်း ပွဲတော်

သီတင်းကျွတ် ဆီးမီးထွန်း ပွဲတော်ရောက်ဖို့ အချိန်ဟာနီးကပ်လာပါပြီ။
၁၉.၁၀.၂၀၁၃ - နေ့ဟာ မြန်မာ သက္ကရာဇ် ၁၃၇၅- သီတင်းကျွတ် လပြည့် မီးထွန်းပွဲ
ဥပုသ်နေ့ဖြစ်ပါတယ်။


 သီတင်းကျွတ် မီးထွန်းပွဲတော်ကျင်းပရခြင်းက အများသိတဲ့အတိုင်း ဗုဒ္ဓမြတ်စွာ ဘုရားရှင်က အရင် ဘ၀များစွာက တော်စပ်ခဲ့ဖူးတဲ့ မယ်တော် “သန္တုဿိတ” နတ်သားအမှူး ပြုတဲ့ နတ်ဒေ၀ါ အပေါင်းကို ၀ါးတွင်း ၃ လကာလ ပတ်လုံး တာဝတိသာ နတ်ပြည်မှာ အဘိဓမ္မာ တရားမြတ်ကို ဟောကြားပေးခဲ့ပြီး လူ့ ပြည်ရွှာကို ပြန်လည် ကြွမြန်းလာချိန်မှာ ဘုရှားရှင်ကို ကြည်ညိုသူတွေက ဆီးမီး၊ နံ့သာတွေ၊ ပန်းမာလာတွေနဲ့ ဖူးမြှော်ကြည်ညိုရာက အခုလို ဓလေ့ စတင် ခဲ့တာပါ။

ဘုန်းကြီးကျောင်းသွားပြီး ဥပုသ်ယူမယ်
ညနေကျဘုရားသွားဆီမီးပူဇော်ကြမယ်
အိမ်မှာလည်းမီးထွန်းပူဇော်ကြမယ်

မိသားစုကတော့ပွဲသီချင်းလေးနဲ့ကွယ်လွန်သူမိခင်ကြီး၏(၂၅နှစ်မြောက်)အထိန်းအမှတ်အနေနဲ့ ပထမဆုံး
on line ကနေပြီးရည်စူးပြုသမျှကောင်းမှုအဖို့ပါကများဖြင့်ပူဇော်ကတော့အမျှဝေလိုက်ပါတယ်
အမေရယ်...အမျှ-အမျှ-အမျှ...
အများကောင်းမှုအဖို့ပါကကိုလည်းသာဓုခေါ်ပါတယ်၊သာဓု.သာဓု.သာဓု...