Friday, 25 October 2013

တစ်ချိန်ကအားကစားသတင်းပုံရိပ်များ(ဓါတ်ပုံ)

၁၉၆၉ ခုနှစ် ဒီဇင်ဘာလက ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်သော ၅ ကြိမ်မြောက် အရှေ့တောင်အာရှ ကျွန်းဆွယ်အားကစားပြိုင်ပွဲ ဖွင့်ပွဲနေ့ သက်ဆိုင်ရာနိုင်ငံအမည်ပါ စာတမ်းများကို ကိုင်ဆောင်ကြမည့် တက္ကသိုလ်ကျောင်းသူများ
ဝဲ မှ ယာ - (-----)၊ ခင်နွယ်အေး၊ နန်းကေစီ၊ ရှားလက်ချို၊ စ၀်ထာနီ၊ ကြည်ကြည်ဟန်


၁၉၆၆ ခုနှစ် ဒီဇင်ဘာလအတွင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ပြုလုပ်မည့် ပဉ္စမအကြိမ်မြောက် အာရှအိုလံပစ် အားကစားပြိုင်ပွဲသို့ သွားရောက်မည့် မြန်မာ့ရေကူးလက်ရွေးစင်အဖွဲ့ မ - မြမြ၀င်း၊ ပေါ်လီဘစန်း၊ မေရီစိုး။ ကျား - အုန်းသွင်၊ မောင်လှိုင်၊ အောင်လှိုင်ဝင်း၊ နန္ဒကျော်စွာ (ရှေ့တန်း ယာ- ဒု)၊ မောင်ကြည်။ (ယခု ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ ဦးနန္ဒကျော်စွာ)


၁၉၇၀ ခုနှစ် ဒီဇင်ဘာလတွင် အောင်ဆန်းအားကစားကွင်းတွင် ကျင်းပသော ကျောင်းသားလူငယ်ပွဲတော် ဖွင့်ပွဲအခမ်းအနား။ အဲဒီနေ့က အောင်ဆန်းကွင်းသို့ ၀င်ခွင့်လက်မှတ် ၀ယ်လို့မရသဖြင့် ကျောင်းသားလူငယ်များ ဆူပူဖြစ်ပြီး ပြည်သူ့မုန့်တိုက်ကို ခဲဖြင့်ဝိုင်းပေါက်ကြတယ်။ ထိုနှစ်ကတည်းကစ၍ ကျောင်းသားလူငယ်ပွဲတော်ကို ရပ်ဆိုင်းလိုက်တယ်။

 
 
Charlotte Cho - ငါးကြိမ်မြောက် အရှေ့တောင်အာရှ ကျွန်းဆွယ်အားကစားပြိုင်ပွဲ မှာ မလေးရှားနိုင်ငံ စာတမ်းအမည်ကိုင်ဆောင်သည့် မရှားလက်ချို
Credited to: Charlotte Cho (FB)

 
 
၁၉၆၉ ခုနှစ် ၅ ကြိမ်မြောက် အရှေ့တောင်အာရှ ကျွန်းဆွယ်အားကစားပြိုင်ပွဲ ဖွင့်ပွဲနေ့က သက်ဆိုင်ရာနိုင်ငံများ၏ အမည်စာတမ်းကိုင် တက္ကသိုလ်ကျောင်းသူများ၏ ဓါတ်ပုံဖြင့် ဖေါ်ပြခဲ့တဲ့ ၁၉၇၀ ခုနှစ် ဇန်န၀ါရီလထုတ် မြ၀တီမဂ္ဂဇင်း မျက်နှာဖုံး
Credited to: Charlotte Cho (FB) နှင့် နှင့် မြန်မာကျူးပစ်ဖိုရမ်မှ Ko Jim (1972 ခုနှစ် ရူပဗေဒဘွဲ့ရ)

 

မြန်မာ့ဂုဏ်ဆောင် အပြေးမယ် ဂရေစီကား။ တခေတ်တခါက နာမည်ကြီးပေါ့


့မြန်မာ့လက်ရွေးစင် မာရသွန်အပြေးသမား နာမည်ကြီး မီတုန်နော် (ကချင်အမျိုးသား)။ နောက် ကချင်အမျိုးသား မာရသွန်အပြေးသမားတဦးက - ရှင်ဗွေဂန်း


အလေးချန်ပီယံ ဗိုလ်ကြီးထွန်းမောင်။ နောက် နာမည်ကြီး ရွှေတံဆိပ်ဆုရှင် မြန်မာ့လက်ရွေးစင် အလေးသမားတဦးကတော့ အောင်ကြီး


အလေးသမား ချူးကီး


မြန်မာ့လက်ရွေးစင် ပြေးခုန်ပစ်မယ် ခင်ခင်ထွေး (ရွှေတံဆိပ်ဆုရှင်)


မြန်မာ့လက်ရွေးစင် သံပြားပစ်ချန်ပီယံ မခင်ဌေး




ဓါတ်ပုံမြဝတီ

No comments: