၁၉၈၉ ခုနှစ် မတ်လ
၂၄ရက်နေ့ မှာ Tanker Exxon Valdez သင်္ဘောက USA နိုင်ငံရဲ့  the pristine
waters of Prince William Sound in Alaska မှာ ကျောက်ဆောင်ပေါ်တင်မိပြီး
သင်္ဘောဝမ်းဗိုက်ဘေးက ပေါက်သွားလို့  ရေနံစိမ်း US gallons ပေါင်း
ဆယ့်တစ်သန်း လောက် ယိုစိမ့်ထွက်သွားပြီး မိုင်ပေါင်း ၁၃၀၀ လောက်ရှိတဲ့
ကမ်းခြေ နဲ့  စတုရန်းမိုင်ပေါင်း ၁၁၀၀၀ ရှိတဲ့ ပင်လယ်ပြင်ကို ယိုဖိတ်တဲ့
ရေနံစိမ်းတွေနဲ့  ဖုံးလွှမ်းပျက်စီးသွားစေခဲ့ ပါတယ်။ ယနေ့ တိုင်အောင်
ပတ်ဝန်းကျင်ညစ်ညမ်းမှုရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားနေရတုန်းပါ။
Tanker Exxon Valdez သင်္ဘော ကျောင်ဆောင်ပေါ်တင်တဲ့အကြောင်းကလည်း စိတ်ဝင်စားစရာ ပါ။
- သင်္ဘောကျောက်ဆောင်တင်တဲ့ အချိန်မှာ မာလိန်မှုး Captain Joseph Hazelwood က အရက်အလွန်အကျွံသောက်ထားလို့ မူးပြီး အခန်းထဲ အိပ်ပျော်နေပါတယ်တဲ့။
- သင်္ဘောသားတွေရဲ့  နားနေချိန် (Rest hours) ကို သေချာမလုပ်ထားတဲ့အတွက် Duty ကျတဲ့ Third mate က ပင်ပမ်းနေလို့  သင်္ဘောကို ကောင်းမွန်စွာ မောင်းနိုင်စွမ်း မရှိတာ တွေ့  ရတယ်တဲ့။
- Third mate က ရေဒါမှာပေါ်တဲ့ Bligh Reef သန္တာကျောက်တန်းရဲ့  တစ်ဖက်က ကျောက်ဆောင် ပုံရိပ်ကို မှားဖတ်မိလို့  သင်္ဘောကျောက်တန်းပေါ်တင်သွားတာပါတဲ့။ (ကိုယ့်အလုပ် ကိုယ် လုပ်တတ်ပြီလား၊ မလုပ်တတ်သေးဘူးလားဆိုတာ ခေါင်းထည့် မစဉ်းစားဘဲ လက်မှတ်လေးရှိတာနဲ့  ရာထူးတိုး လုပ်ချင်သူ တွေ သင်ခန်းစာယူရပါမယ်။)
- သင်္ဘော ပေါ်မှာရှိနေတဲ့ နောက်ထပ်ရေဒါတစ်မျိုးဖြစ်တဲ့ The Raytheon Collision Avoidance System (RAYCAS radar) ကို စစ်ကြည့်ပြီးမောင်းရင် ကျောက်တန်းပေါ် တင်စရာ အကြောင်းမရှိ ပါဘူး။ ဒါပေမယ့် ဒီရေဒါက ပျက်နေတာ တစ်နှစ်ကျော်နေပြီး၊ ဒီပျက်နေတဲ့ အကြောင်းကို Exxon management ရုံးကလည်း သိနေတယ်တဲ့။
(Safety နဲ့  ပတ်သက် လို့  မဖြစ်ရင်တော့ ဘာမှမဖြစ်ပါဘူး။ ဖြစ်လို့ ကတော့ သေပြီဆရာ ဘဲ။)
ဒီအဖြစ်ဆိုးကြုံရပြီး၊ IMO မှာ Marine Pollution Prevention rules (MARPOL) တွေ ပေါ်ပေါက် လာတာပါ။ သင်္ဘောတွေကို စီမံမောင်းနှင်တည်ဆောက်တဲ့အခါ "Safer ships and cleaner oceans" ကို ဦးတည်ချက်ထားဖို့ ပါ။ ဒါက MARPOL ရဲ့  Common objective ပါဘဲ။
၁၉၉၀ ခုနှစ် နိုဝင်ဘာလမှာ ကျင်းပတဲ့ MARPOL Convention မှာ USA နိုင်ငံက အဆိုပြုတာက၊ Oil tanker အသစ်အားလုံးမှာ ကိုယ်ထည် (Hull) နှစ်ထပ် မတပ်မနေရ ဥပဒေစည်းမျဉ်းထုတ်ပေးဖို့ ပေါ့။ အကြောင်းကြောင်းကြောင့် သင်္ဘောဝမ်းပိုက်ပေါက်သွားရင် ဆီတွေ ပင်လယ်ထဲ ယိုဖိတ်မှု မရှိအောင်လို့ ပါ။ သူတို့ ကောင်းကောင်းခံလိုက်ရတာကိုး။
ဒါပေမယ့် တစ်ခြား IMOနိုင်ငံတော်များများက Double hull တစ်ခုတည်းမှ မဟုတ်၊၊ ဆီယိုဖိတ်မှုကို တားဆီးနိုင်တဲ့ တစ်ခြားပုံစံနဲ့  တည်ဆောက်တာကိုလည်း၊ လက်ခံဖို့ အဆိုကို ၀ိုင်းသဘောတူ လိုက်ကြပါတယ်။
Double hull ဆို သင်္ဘောတည်ဆောက်တဲ့ နေရာမှာ Hull အတွက် နှစ်ဆကုန်မှာ စိုးတာကိုး။ ပေသီး ၀ိုင်းခေါက်ကြတာပေါ့။
ဒီတော့ Japan နိုင်ငံက Mid-deck tanker design ကို တင်ပြတော့ လက်ခံကြပါတယ်။ ဒီ Design က၊ သင်္ဘောဝမ်းဗိုက်ပေါက်ရင် Titanic သင်္ဘောလို၊ Exxon Valdez သင်္ဘောလို၊ ၀မ်းဗိုက်ဘေးဖက် Turn of Bilge မှာပေါက်လေ့ရှိတာကြောင့် အဲဒီနေရာမှာ အကာအကွယ် ဖြစ်အောင် Side ballast tanks တွေ တပ်ထားပေးပါတယ်။ အောက်ဝမ်းဗိုက်ပိုင်း မှာတော့ Double hull မရှိဘဲ Single hull တစ်ထပ်ဘဲ တပ်ထားပါတယ်။ Single hull နေရာကပေါက်ရင် ၀င်လာတဲ့ ရေက အပေါ်တွန်းတင်လို့  ဆီတွေက ဘေးနှစ်ဖက်က Side ballast tank ထဲကို ရောက်သွားမှာမို့  အပြင်ကို ထွက်မယ့် ဆီကို တားနိုင်တယ်လို့ ယူဆကြပါတယ်။ (Mid deck tanker ပုံ ကြည့်ပါ။)
ဒီ့ နောက် ၁၉၉၂ ခုနှစ်မှာ IMO က MARPOL မှာ ပြင်ဆင်ချက် ထုတ်ပြန်ပါတယ်။ တန်ချိန် ၅၀၀၀ နဲ့  အထက် ရှိတဲ့ Tanker တွေကို ၁၉၉၃ ခုနှစ် ဇူလိုင်လနောက်ပိုင် သင်္ဘောတည်ဆောက် ဖို့  Contract ထိုးထားရင် (သို့ ) ၁၉၉၄ ခုနှစ် ဇန္န၀ါရီလ နောက်ပိုင်း စ တည်ဆောက်တဲ့  သင်္ဘော တွေမှာ Double hull (သို့ ) Mid-deck (သို့ ) အလားတူ ဆီယိုဖိတ်မှုကိုတားဆီးနိုင်တဲ့ ပုံစံတွေနဲ့  တည်ဆောက်ရမယ်လို့ ပေါ့။
USA ကတော့ သူတို့ ဆီမှာ Double hull tanker တွေကိုဘဲ အသိအမှတ်ပြု legislation လုပ်တာ လက်ခံပါတယ်။ တစ်ခြားဒီဇိုင်းတွေက ဆီယိုဖိတ်မှုကို တားဆီးဖို့  စိတ်မချရဘူးလို့  ယူဆလို့ ပါ။
ဒါပေမယ့် ၁၉၉၉ခုနှစ် ဒီဇင်ဘာလ ၈ရက်မှာ IMO ရဲ့ သတ်မှတ်ချက်အရ Single hull နဲ့  တည်ဆောက် ထားတဲ့ Tanker Erika က Fuel oil တန်ချိန် ၃၁၀၀၀ နဲ့  Bay of Biscay အ၀င် ပြင်သစ်ကမ်းရိုးတန်းမှာ ခါးကျိုးပြီး နစ်မြုပ်ပြန်တော့ IMO က Single hull ကို လုံးဝ ဖယ်ပစ်ဖို့  ဆုံးဖြတ်ကြပါတယ်။ Double Hull နဲ့ ဆို ပိုခိုင်ခန့် တယ်ပေါ့။
Tanker Erika က သက်တန်း ၂၅နှစ်လောက်ရှိပြီး the classification society “Registro Italiano Navale” ရဲ့  Report အရ ဒီသင်္ဘောက သက်တန်း၂၀ကျော်သုံးလို့ ရတာကို စစ်ဆေးထားလို့  IMO requirement အရ Safety certificates တွေ အပြည့်အစုံ ထုတ်ပေးထား ပါတယ်။
ဒါပေမယ့် တရားရုံးက သေချာစွာဂရုမစိုက်မှု အပြစ်နဲ့  သင်္ဘောပိုင်ရှင်ကို US$280 millions နဲ့  သီးခြားပြစ်ဒါဏ်ငွေတွေ ကျခံစေခဲ့ပါတယ်။ သင်္ဘောကုမ္ပဏီ Total SA ကိုလည်း လုံးဝပိတ်သိမ်း ပစ်လိုက်ပါတယ်။
၂၀၀၃ ခုနှစ် ဒီဇင်ဘာလ မှာ IMO က Single hull tankers ကို မတည်ဆောက်တော့ဖို့ ဝိုင်းပြီး ဆုံးဖြတ်ချက်ချပါတယ်။ Pre¬-MARPOL tankers တွေက ၂၀၀၅ ခုနှစ်၊ MARPOL tankers and small tankers တွေက ၂၀၁၀ခုနှစ်မှာစလို့  Single hull ကို မှေးမှိန်ဖျောက်ကွယ်ဖို့  သတ်မှတ် လိုက်ပါတယ်။
ဒါကတော့ Oil tanker တွေမှာ Double hull တွေ တပ်ဆင်တည်ဆောက်ရတဲ့ အကြောင်းပါဘဲ။
အားလုံးကိုလေးစားလျက်
သန်းလွင် CE

No comments:
Post a Comment