Friday, 1 November 2013

ပင်လယ်ရေလှိုင်းတို့၏ လျှို့ဝှက်သော အလှတရား(ဓါတ်ပုံ)



အီတလီသား ဓာတ်ပုံဆရာ ဂျီယိုဗန်နီ အော်လိုင်ဗီသည် ယင်းအလှအပကို လူအများထံ လက်တွေ့ သယ်ဆောင် ပြသခဲ့သူ ဖြစ်သည်။ ၎င်းသည် ဆာဗိုနာမြို့သို့ သွားရောက်ပြီး အဆိုပါ အနုပညာမြောက် ရှုခင်းဓာတ်ပုံကို ရိုက်ကူးခဲ့သူ ဖြစ်သည်။

Fast-Frame ကင်မရာ ရိုက်ချက်များတွင် နံနက်ခင်း အလင်းရောင်နှင့်အတူ ဆန်းကျယ်လှပနေသော လှိုင်းလုံးများကို မျက်စိပသာဒဖြစ်ဖွယ် တွေ့မြင်နိုင်မည် ဖြစ်သည်။ 

ဗာတီဂိုတီတွင် နေထိုင်သော ဂျီယိုဗန်နီသည် ထိုဓာတ်ပုံကောင်းများကို ရရှိရန် စိတ်ရှည်လက်ရှည် ခရီးထွက်ကာ အချိန်စောင့် ရိုက်ယူခဲ့သည်။












No comments: