Tuesday, 5 November 2013

မြန်မာ့ရေကြောင်း ဆိုင်ရာလုပ်ငန်းများ နိုင်ငံတကာ စံနှုန်းအတိုင်း လုပ်ကိုင်နိုင်စေရန် IMO မှ စစ်ဆေးမည်

ရန်ကုန် နိုဝင်ဘာ ၅

မြန်မာနိုင်ငံ ရေကြောင်းဆိုင်ရာ လုပ်ငန်းများတွင် သတ်မှတ်ထားသည့် နိုင်ငံတကာ စံနှုန်း များကို လိုက်နာကျင့်သုံး နိုင်စေရန် အတွက် International Maritime Organization (IMO) မှ အကြိုလာရောက်စစ်ဆေး လုပ်ဆောင်မည်ဖြစ်ကြောင်းရေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်က ပြောကြားခဲ့သည်။
မြန်မာ့ရေကြောင်း ဆိုင်ရာ လုပ်ငန်းများကို နိုင်ငံတကာ ရေကြောင်း အဖွဲ့အစည်းတစ်ခု ဖြစ်သည့် IMO မှ လာရောက်ကာ စစ်ဆေးမှုများ ပြုလုပ်ရာတွင် သတ်မှတ်ထားသည့် စံခြောက်ချက်ဖြင့် တိုက်ဆိုင်ကာ စစ်ဆေးသွားမည် ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြား ခဲ့သည်။
IMO မှ စစ်ဆေးမှုများ ပြုလုပ်ရာတွင် ပြဋ္ဌာန်းထားသည့် အချက်ခြောက်ချက်ကို လိုက်နာမှုရှိ၊ မရှိနှင့် ပြည်တွင်းတွင် အမှန်တကယ် ကျင့်သုံးခြင်းရှိ၊ မရှိတို့ကို စစ်ဆေးသွားမည် ဖြစ်သည်။
IMO မှ စစ်ဆေး လုပ်ဆောင်သွားမည့် အချက်များမှာ
၁။ ရေကြောင်း အန္တရာယ် ကင်းရှင်းရေး၊
၂။ရေထုပတ်ဝန်းကျင်ညစ်ညမ်းမှုဆိုင်ရာသဘောတူစာချုပ်၊
၃။ သင်္ဘောသားများနှင့် သက်ဆိုင် သော လေ့ကျင့် သင်တန်း ပေးခြင်းနှင့် CertifiCate များ ထုတ်ပေးခြင်း၊ 
၎။သင်္ဘောများ လုံခြုံရေး ဆိုင်ရာ ဥပဒေစာချုပ်၊ 
၅။သင်္ဘောများ တန်ချိန်နှင့် ဆိုင်သော အချက်များ၊
၆။ ရေယာဉ် အချင်းချင်း တိုက်ခိုက်မှုမှ ကာကွယ်သော အပြည်ပြည်ဆိုင်ရာ ဥပဒေကို လိုက်နာမှုရှိ၊ မရှိစသည့် အချက်များကို စစ်ဆေးသွားမည် ဖြစ်ကြောင်း ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်က ဆက်လက် ပြောကြားခဲ့သည်။(မြဝတီသတင်း)

No comments: