ရန်ကုန်မြစ်အတွင်း ယခုလမှစ၍ Royal Green
River အပျော်စီး သင်္ဘောသစ်မှ အပျော်စီး သင်္ဘောခရီးစဉ်များကို အပတ်စဉ်
ရုံးပိတ်ရက်နှစ်ရက်တွင် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း Royal Green River
အပျော်စီး သင်္ဘော ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ ခရီးစဉ်အနေဖြင့် အပတ်စဉ် စနေနှင့်
တနင်္ဂနွေနေ့များတွင် ပြေးဆွဲပေးမည်ဖြစ်ပြီး ဗိုလ်တထောင် ဆိပ်ကမ်းမှ
စတင်ထွက်ခွာ၍ ရန်ကုန်မြစ်အတွင်း ရှုခင်းများကို နှစ်နာရီခန့် အပန်းဖြေ
ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း၊ ၎င်းအပျော်စီး သင်္ဘောအနေဖြင့် စင်းလုံးငှား
ခရီးစဉ်များ ငှားရမ်းရန်လည်း စီစဉ်ထားကြောင်း သိရှိရသည်။
''စင်းလုံးငှားမယ်ဆိုရင်
ရက်ရှည်ခရီးစဉ်တွေကိုလည်း လုပ်ပေးပါတယ်၊ အထက်ပိုင်း ခရီးစဉ်တွေ
စီစဉ်ပေးနေပါတယ်၊ ရန်ကုန်မြစ်အတွင်းမှာ ပြည်ပခရီးသွားတွေက
စက်လှေအသေးတွေငှားပြီး ရှုခင်းကြည့်ကြတယ်၊ အဓိကက တော့ သူတို့ကို
ဆွဲဆောင်နိုင်ဖို့ပါ'' ဟု ၎င်းက ပြောကြားသည်။
Royal Green River အပျော်စီး သင်္ဘောအတွင်း
အိပ်ခန်းရှစ်ခန်း၊ ထမင်းစားခန်း၊ ဘားကောင်တာများပါဝင်ပြီးညအိပ်ခရီးစဉ်တွင်ခရီးသည်၁၆ဦး တည်းခိုလိုက်ပါနိုင်ကြောင်း၊ နေ့ခရီးစဉ်တွင်မူ ခရီးသည် ၅ဝ
ဦး လိုက်ပါနိုင်ပြီး ယခုနှစ် ခရီးသွားရာသီတွင် မန္တလေး၊ ပုဂံ၊ ဗန်းမော်
စသည့် ရက်ရှည်ခရီးစဉ်များကို စင်းလုံးငှား ဆောင်ရွက်ပေး လျက်ရှိကြောင်း
သိရှိရသည်။
ယခုနှစ် ခရီးသွားရာသီတွင် ရန်ကုန်သာမက
မန္တလေးတွင်လည်း အပျော်စီးသင်္ဘော ကုမ္ပဏီသစ်များ တိုးချဲ့လာ ကြပြီး သင်္ဘော
အစီးရေမှာလည်း တိုးချဲ့ပြေးဆွဲလာကြကြောင်း၊ ဧရာဝတီမြစ်ကြောင်းတွင်
မြန်မာနိုင်ငံသားပိုင် Irrawa- ddy Princess River Cruise သင်္ဘောကုမ္ပဏီ၏
သုံးစင်းမြောက် သင်္ဘောအသစ်ဖြစ်သော Princess Royal အပျော်စီးသင်္ဘောအား
မန္တလေး-ပုဂံ နှစ်ညအိပ်သုံးရက် ခရီးစဉ်နှင့် ပုဂံ-မန္တလေး နှစ်ညအိပ်
သုံးရက်ခရီးစဉ် များ ယခုလ တွင် ပြေးဆွဲမည်ဖြစ်ကြောင်း သိရှိရသည်။(မြဝတီ)
No comments:
Post a Comment