Tuesday, 26 November 2013

2015 တွင်ထူးခြားပြောင်းလဲမည်'စလုံး' OPL

2015 တွင်ထူးခြားပြောင်းလဲမည်
'စလုံး' OPL
--------------
စလုံးOPL ကို၂၀၁၅ တွင်သင်္ဘောအချင်းကပ်ချရသောShip to Ship Operation
ကိုလုံးဝမပေးတော့မှာဖြစ်တာကြောင့်
ကျနော်တို့ရဲ့
ချန်ဘိုင်စန်း(Chang Bai San)သည်တွန်းသင်္ဘောနှစ်စီးနဲ့အတူမလေးရှားရေပိုင်နက်ထဲကို
 ပထမဦးဆုံးပြောင်းရွေ့လိုက်ပါပြီ ထိုသင်္ဘောကိုOPLမှလှန်းမြင်နေရသော်လည်း
သွားလို့မရပေ'စ'လုံးရေပိုင်နက်နှင့်မလေးရေပိုင်ကြားမှာတွန်းသင်္ဘောအချင်းချင်းအဆက်သွယ်လုပ်
ကားလိုအပ်တဲ့ထောက်ပံ့ရေးတွေစလုံးကပဲယခုဆောင်ရွက်နေပါတယ်
ဆီစစ်ရေးနဲ့ ဆီကောင်လေးတွေလည်းအဲ့ဒီသင်္ဘောကိုပြောင်းသွားကြပြီ
အဲဒီမှာMother Ship အနေနဲ့ဆောင်ရွက်မှာပါကုန်ကအမဲဖြစ်ပါတယ်။
Hua San ကလည်းမနေ့ကမလေးရှားစစ်ဆေးရေးအောင်တာမို့သူလဲလိုက်သွားနိုင်ပါတယ်

Sunday, 24 November 2013

အဏ္ဏ၀ါရဲ့ သင်္ဘောတစ်စီးစစ်ဆေးရေး(PSC)ကျရှုံး

သင်္ဘောနာမည်အတိကျပြောရယင် ယူနီကွန်းပါ
ဘယ်သူတွေကိုဖြုတ်မလဲဆိုတာစောင့်ကြည့်ရမှာပဲ့
ဒီအချက်တွေထိသွားတာ



Attn: Master And Chief Engineer
Please note that during recent PSC inspection onboard one of our vessel at Nakhoka, Russia, flowing observation noted.
Deficiencies as under:
1.            Supplement to IOPP, Form B - page 3,2A.Oil Fuel tank protection (regulation 12A) not checked as required (2.A.1 or 2.a.2).
2.            Supplement to IOPP, form B-page 4 found in photocopy.
3.            No procedures implements with some type of waste (fluorescent lamps, Battery, Medicine etc.), But store in CCR, In Duty Mess Room.
4.            Fire protection self - closing door (Accommodation interior stairway B,C door not closing fully.
5.            Some of navigation charts for engaged voyage found in scan copy
6.            Scan copy charts are not up - date by 1237(T)/2006.
7.            Magnetic compass deviation not properly adjusted.
8.            Magnetic compass found with air big bubble.
9.            Magnetic compass illumination in a bad condition.
10.          FWD anchor light (spare) out of order.
11.          steering gear l.o gravity tank air vent cover securing bolt missing.
12.          D/Generator exhaust air vents protective gratings (funnel deck)Found dirty (oil on gratings and on the deck)
13.          In emergency room found unapproved battery charger (Electrical cables, socket was hanging on pipes)
14.          Emergency generator room fixed battery charger electrical cable not secured.
15.          Foam applicator unit plastic can (one) damage (Foam solution quantity less than 20 Lt)
16.          Food waste drum cover not ensured tightened covered as required by GMP, Item 10.5 (c).
17.          Steering gear hatch cover not fixed in open position due to hole less than diameter of securing bolts.
18.          tanks washing system water pipe flange bonding cable damaged.
19.          Fixed deck foam fire extinguisher system balanced pressure proportional with much stains of leakage.
20.          Balanced Pressure proportioner  not adjusted foam concentration ratio.
21.          Much of oil strains found on incinerator sludge tank body, on top, on ceiling above the sludge tanks, due to accident, but not records found in E/R log book, or Deck log book.
22.          incinerator sludge tank detectors (Overfill and sludge pump auto - stop) out of order (Level of sludge higher than position of detector).
23.          Main engine exhaust pipe inlet valve open/close indicator electrical cable disconnected (to composite boiler).
24.          Fuel oil pipe sighting glass from purifier to setting tank dirty, oil leakage through flange connection.
25.          E/R portable foam fire extinguishers (two)seal missing)
26.          Electrical cable (above M/E scav box) excessively dirty by stains of salt water.
27.          E/R Low platform plating not secured (part of emergency exit way with ledge).
28.          throughout of E/R found pressure gauge with stains of leakage (M/E fresh water cooler, no.1 & no.2 I.G scrubber cooling S.W pump, no.1 main cooling S.W pump etc.)
29.          E/R lower platform alarm panel partly damaged.
30.          Maintenance and inspection of fire protection system and equipment inadequate.
31.          Above deficiencies mainly caused by lack of maintenance , maintenance routine below standard.
32.          ISM system does not ensure adequate maintenance of ship and equipment.


Views above 32 deficiencies , office require all our fleet vessels to go through each observation, verify & rectify if any of these deficiency exist onboard your good vessels so that similar incident does not occur onboard any of our fleet vessels. 

ပင်လယ်ပျော်

Friday, 22 November 2013

တရုတ်ကိုယ်ပျောက်ဒရုန်းပျံသန်း

Sharp Sword လို. အမည် ပေးထားတဲ့ "stealth drone" အမျိုးအစား အဝေးထိန်း ကိုယ်ပျောက် တိုက်လေယာဉ် တစီးကို တရုတ် နိုင်ငံက နိုဝင်ဘာလ ၂၂ ရက်က ပထမဆုံး အောင်မြင်စွာ စမ်းသပ် ပျံသန်းနိုင်ခဲ့တယ် လို. တရုတ် မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
၂၁ ရာစု ရဲ့ အင်အားကြီး နိုင်ငံကြီး ဖြစ်လာဖို့ စီးပွားရေး နဲ့ စစ်ရေး အင်အားတွေ တိုးချဲ့ တည်ဆောက်နေတဲ့ တရုတ် နိုင်ငံမှာ ခု နောက်ဆုံး စမ်းသပ် ပျံသန်း ခဲ့တဲ့ မောင်းသူမဲ့ လေယာဉ်နဲ့ လူလိုက်ပါ မောင်းနှင်တဲ့ stealth နည်းပညာသုံး တိုက်လေယာဉ်တွေရဲ့ စွမ်းအားကို သေချာ မသိရသေးပေမယ့် အဆင့်မြင့် နည်းပညာသုံး စစ်ပစ္စည်းတွေနဲ့ ယာဉ် တွေကို ဒီနှစ်ပိုင်း အတွင်း တရုတ်က ထုတ်လုပ် နေခဲ့တာတော့ သေချာပါတယ်။
ဒီ stealth နည်းပညာက ရေဒါ၊ အနီအောက် ရောင်ခြည် နဲ့ ရေဒီယို လှိုင်း ၊ အသံ အလင်း စတာတွေ ထုတ်လွှင့်မှု ကို လျှော့ချ နိုင်တဲ့ နည်းပညာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း မောင်းသူမဲ့ တရုတ် လေယာဉ်ပျံ တစင်း အရှေ့ တရုတ် ပင်လယ် ထဲက အငြင်းပွားနေတဲ့ ကျွန်းစု တွေနား လာရောက် ပျံသန်း ခဲ့တဲ့ အတွက် ဂျပန် ရဲ့ မျက်မာန်ရှမှုကို ကြုံတွေ့ခဲ့ပါတယ်။


ဒီလေယာဉ်ကို ဂျပန် က ဖိုက်တာ ဂျက် တိုက်လေယာဉ်တွေ လွှတ်ပြီး ပစ်ချဖို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ဂျပန်က ဒီလို ပစ်ချဖို့ ကြိုးစားရင် ဒါဟာ စစ်ကြေညာတာနဲ့ အတူတူပဲလို့ တရုတ် ကာကွယ်ရေး ဌာနက တုံ့ပြန် ပြောဆိုခဲ့ပါတယ်။

ဒီလို မောင်းသူမဲ့ လေယာဉ်ကို အောင်မြင်စွာ ပျံသန်းနိုင်ခဲ့မှုကြောင့် ခုဆိုရင် တရုတ်ပြည်ဟာ ဗြိတိန်၊ ပြင်သစ်၊ အမေရိကန် နိုင်ငံတွေနဲ့ တန်းတူ နည်းပညာ တိုးတက်မှု ရှိနေပြီလို့ ဟောင်ကောင်ထုတ် ဆောက်ချိုင်းနားပို့စ် သတင်းစာကြီးကလည်း ရေးသားခဲ့ပါတယ်။
ဒီမောင်းသူမဲ့ ယာဉ်ဟာ အမေရိကန် ရေတပ်က လေယာဉ်တင် သင်္ဘော တွေ အတွက် စမ်းသပ် ပျံသန်း နေတဲ့ X-47B မောင်းသူမဲ့ ယာဉ်၊ ပြင်သစ် က စမ်းသပ် နေတဲ့ နျူရုန် စီမံကိန်းက ယာဉ်တွေနဲ့ အသွင် တူနေပါတယ်။
ဒါဟာ တရုတ် စစ်ရေး အင်အား တိုးချဲ့မှုရဲ့ အရေးကြီးတဲ့ လှေကားတထစ် ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက် မာတင် ပေးရှင့်က ဘေဂျင်းကနေ ပေးပို့ပါတယ်။
ဒီလို တရုတ်ပြည်က ငွေကိုသွန်ပြီး စစ်အင်အား တိုးချဲ့ လာမယ်ဆိုရင် ဒေသတွင်း အိမ်နီးချင်း နိုင်ငံတွေရဲ့ စိုးရိမ် ကြောင့်ကြမှု တိုးပွား လာလိမ့်မယ်လို့လည်း မာတင် ပေးရှင့်က ပြောဆိုခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်ကလည်း တရုတ်ပြည်ရဲ့ ပထမဆုံး stealth နည်းပညာသုံး တိုက်လေယာဉ်ကို ထုတ်ပြခဲ့ပြီး ၂ဝ၁၈ ခုနှစ်ထိ ဒီလေယာဉ်ကို ပျံသန်း မောင်းနှင်လို့ မရသေးဘူးလို့ သိရပါတယ်။
ယူကရိန်းက လေယာဉ်တင် သင်္ဘော တစင်းကို ၂ဝ၁၁ က တရုတ်က ဝယ်ယူ ခဲ့သလို တရုတ်ပြည်ရဲ့ ပထမဆုံး လေယာဉ်တင် သင်္ဘော ကိုလည်း အပြီးသတ် မတပ်ဆင်ရသေးဘဲ ရေချ ခဲ့ပါတယ်(BBC)

Monday, 18 November 2013

အဏ္ဏ၀ါရဲ့ အနာဂါတ်အရာရှိငယ်

I GIVE MY RESPECT TO DOCTORS !!!
ကျွန် တော် ဆရာ ဝန် ၁ ယောက် တော့ မဟုတ်ပါဘူး။ ဆေး လည်း မကုတတ် ပါ ဘူး။ (MEDICAL FIRST AID လောက် တော့ သင် တန်း တက် ထား တာ ပေါ့ ဗျာ) သို့ သော် ခု သ ဘောင်္ ပေါ် က HOSPITAL & MEDICINE တာ ဝန် လည်း ယူ ရသည့် အတွက် သ ဘောင်္ ပေါ် က CREW တချို့ ၁ ခုခု ဆို ကျွန် တော့် ဆီ ပြေး လာ ပီဆေးတောင်တယ်။ကျနော်လည်း ဆေး ညွှ န်း ဖတ် ဆေး ပေး ပြီး သူ တို့ တွေ ရော ဂါ သက်သာ သွား ရင် ပီတိ ဖြစ် မိ ပါ တယ်။ တစ် ကယ့် ဆရာ ဝန် တွေ ဆို ဘယ် လောက် ပီတိ ဖြစ် လိုက် မလဲ ဆို တာ ခံ စား မိ ပါ တယ်။ I GIVE MY RESPECT TO DOCTORS !!!

 Name : Pyae Phyoe Thet
Rank :  3/O
Date Of Birth : 28.12.89

ပင်လယ်ပျော်

Pyae Phyoe Thet FaceBook

Friday, 15 November 2013

Royal Green River အပျော်စီး သင်္ဘော

ရန်ကုန်  နိုဝင်ဘာ  ၁၅
ရန်ကုန်မြစ်အတွင်း ယခုလမှစ၍ Royal Green River အပျော်စီး သင်္ဘောသစ်မှ အပျော်စီး သင်္ဘောခရီးစဉ်များကို အပတ်စဉ် ရုံးပိတ်ရက်နှစ်ရက်တွင် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း Royal Green River အပျော်စီး သင်္ဘော ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ ခရီးစဉ်အနေဖြင့် အပတ်စဉ် စနေနှင့် တနင်္ဂနွေနေ့များတွင် ပြေးဆွဲပေးမည်ဖြစ်ပြီး ဗိုလ်တထောင် ဆိပ်ကမ်းမှ စတင်ထွက်ခွာ၍ ရန်ကုန်မြစ်အတွင်း ရှုခင်းများကို နှစ်နာရီခန့် အပန်းဖြေ ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း၊ ၎င်းအပျော်စီး သင်္ဘောအနေဖြင့်  စင်းလုံးငှား ခရီးစဉ်များ ငှားရမ်းရန်လည်း စီစဉ်ထားကြောင်း သိရှိရသည်။
''စင်းလုံးငှားမယ်ဆိုရင် ရက်ရှည်ခရီးစဉ်တွေကိုလည်း လုပ်ပေးပါတယ်၊ အထက်ပိုင်း ခရီးစဉ်တွေ စီစဉ်ပေးနေပါတယ်၊ ရန်ကုန်မြစ်အတွင်းမှာ ပြည်ပခရီးသွားတွေက စက်လှေအသေးတွေငှားပြီး ရှုခင်းကြည့်ကြတယ်၊ အဓိကက တော့ သူတို့ကို ဆွဲဆောင်နိုင်ဖို့ပါ'' ဟု ၎င်းက ပြောကြားသည်။
Royal Green River အပျော်စီး သင်္ဘောအတွင်း အိပ်ခန်းရှစ်ခန်း၊ ထမင်းစားခန်း၊ ဘားကောင်တာများပါဝင်ပြီးညအိပ်ခရီးစဉ်တွင်ခရီးသည်၁၆ဦး တည်းခိုလိုက်ပါနိုင်ကြောင်း၊ နေ့ခရီးစဉ်တွင်မူ ခရီးသည် ၅ဝ ဦး လိုက်ပါနိုင်ပြီး ယခုနှစ် ခရီးသွားရာသီတွင် မန္တလေး၊ ပုဂံ၊ ဗန်းမော် စသည့် ရက်ရှည်ခရီးစဉ်များကို စင်းလုံးငှား ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရှိရသည်။
ယခုနှစ် ခရီးသွားရာသီတွင် ရန်ကုန်သာမက မန္တလေးတွင်လည်း အပျော်စီးသင်္ဘော ကုမ္ပဏီသစ်များ တိုးချဲ့လာ ကြပြီး သင်္ဘော အစီးရေမှာလည်း တိုးချဲ့ပြေးဆွဲလာကြကြောင်း၊ ဧရာဝတီမြစ်ကြောင်းတွင် မြန်မာနိုင်ငံသားပိုင် Irrawa- ddy Princess River Cruise သင်္ဘောကုမ္ပဏီ၏ သုံးစင်းမြောက် သင်္ဘောအသစ်ဖြစ်သော Princess Royal အပျော်စီးသင်္ဘောအား မန္တလေး-ပုဂံ နှစ်ညအိပ်သုံးရက် ခရီးစဉ်နှင့် ပုဂံ-မန္တလေး နှစ်ညအိပ် သုံးရက်ခရီးစဉ် များ ယခုလ တွင် ပြေးဆွဲမည်ဖြစ်ကြောင်း သိရှိရသည်။(မြဝတီ)

Thursday, 14 November 2013

Ocean Mercury မာကြူရီမတော်တဆတိုက်မိခံရ


တရုတ်မှာDocking ပြီးခဲ့တဲ့မာကြူရီသင်္ဘောဟာ west OPL မှာကျောက်ချပြီးနားနေစဉ်မှာ
တခြားလိုင်းကသင်္ဘောကအနောက်ပိုင်းကိုရှပ်တိုက်မိခံခဲ့ရပါတယ် အနည်းငယ်ချိုင့်ဝင်သွား
တာပါ ဒီနေ့ပြုင်ပြီးသွားပါတယ်။

တလောကကုန်ကြောင်Missing ဖြစ်တဲ့ Ocean Summer နဲ့ sister shipဖြစ်ပါတယ်

Tuesday, 12 November 2013

Super Typhoon Haiyan(ဓါတ်ပုံ)

An aerial view of a coastal town, devastated by super 
Typhoon Haiyan, in Samar province in central Philippines November 11, 2013. Dazed survivors of super Typhoon Haiyan that swept through the central Philippines killing an estimated 10,000 people.

















(ဓါတ်ပုံReuters)

Monday, 11 November 2013

27th Sea Game - Myanmar 2013 (ဓါတ်ပုံ)

Description of the Mascot

- Owl is globally taken as the wisest, calmest and balanced animal.But, in Myanmar it is also taken to be auspicious and believed to bring forth luck and prosperity to the family, for which the owl dolls are kept at their homes as lucky charms. The owl as official mascot of Myanmar SEA Games 2013 has a personality: wise, calm, lucky, loyal, and friendly.The personality of an owl is expected to bring forth cooperation, friendship, and better understanding among the participating countries.

View from VIP launch @ Wunna Theikdi Stadium, Naypyitaw
 Arial View of Zeyar Thiri Football field
 Youth Training Centre (Thuwunna), Yangon — in Yangon, Myanmar.
 Hockey Field, Yangon
 National Indoor Stadium 1, Yangon
 Outside view of Wunna Theikdi Stadium, Naypyitaw
Thein Phyu Indoor Stadium 1, Yangon
 Zeyar Thiri Sports Complex

27th Sea Game - Myanmar 2013 OFFICIAL WEBSITE
http://www.27seagames2013.com

27th Sea Game - Official Face Book
https://www.facebook.com/27thseagamesofficialpage

27th Sea Game --YouTube
http://www.youtube.com/channel/UClt_YFWjeFjFUfrLKvf_WEQ

ပင်လယ်ပျော်

Sunday, 10 November 2013

ပင်လယ်ပျော်ကလေးများ(ဓါတ်ပုံ)

လန်ဒန်ရှိ ဂရင်းဝစ်ခ်ျတွင် နေထိုင်သည့် အသက်(၃၃)နှစ်အရွယ် လူစီသည် ရေထဲမှ ကလေးငယ်များကို ဓာတ်ပုံရိုက်ပေးသည့် အလုပ်ကို မလုပ်ကိုင်မီ သတင်းဓာတ်ပုံနယ်ပယ်တွင် (၁၀)နှစ်ကြာ ဖြတ်သန်းခဲ့သည်။


ကလေးငယ်လေးများ ရေထဲကူးခတ်စဉ် ချစ်စရာ ပုံရိပ်လေးများကို သီးခြားရိုက်ကူးပေးသည့် ဓာတ်ပုံဆရာမအဖြစ် ခံယူလိုက်ချိန်တွင် သူမ၏ အရည်အသွေးများ ပိုမိုတောက်ပြောင်လာခဲ့သည်။
လူစီက ကလေးငယ်များ ရေထဲငုပ်လျှိုးနေချိန်တွင် ပင်ကိုယ်အသိက မိခင်ဝမ်းကြာတိုက်တွင် နေထိုင်ခဲ့သော ကာလမျိုးကို သဘာဝအတိုင်း လှုံ့ဆော် အမှတ်ရစေကာ ပိုမို တည်ငြိမ်အေးချမ်းသွားတတ်ကြောင်း ရှင်းပြခဲ့သည်။








Saturday, 9 November 2013

MLC 2006 A Maritime Training Services Video

MLC2006 ဟာသင်္ဘောသားတွေဘက်ကကာကွယ်ပေးတာပါ

ပင်လယ်ပျော်တို့သင်္ဘောကိုစစ်ဆေးတုန်းကစစ်ဆေးသူကရွှေဖြစ်နေတာတွေရလိုဂုဏ်ယူ
ဝမ်းသာမိတယ်
စားသောက်ခန်းမှာစားစရာတွေရက်လွန်နေတာရေးသွားတယ်
Company တွေအတော်ဂေါင်းစားရမယ့်ဥပဒေပါ(ဗီဒီယို)ကြည်ပါ 

MLC 2006  A Maritime Training Services Video


အဏ္ဏ၀ါဘော်လုံးအသင်းသားများအမှတ်တရ(ဓါတ်ပုံ)

အဏ္ဏ၀ါဘော်လုံးအသင်းသားများအမှတ်တရ








Semiမှာ၃-၀နိုင်ထားOTအသင်းသားများ
ဓါတ်ပုံ(Min Wai Aung)င်္ / Min Htet Face Book